ဇာတ်ကားများ ရွေးရန်

Lust Stories 2

2023ဇာတ်ကားအမှတ် 5.7/10132 မိနစ်

Lust Stories 2 ကတော့ ၂၀၁၈ ခုနှစ်မှာ ထွက်ခဲ့တဲ့ Emmy ဆန်ခါတင် Lust Stories ရဲ့ ဒုတိယမြောက်ရုပ်ရှင်ပါ။ Netflix က ထုတ်လွှင့်ထားပြီး တမန်နားဘာတီယာ၊ ကားဂျိုးနဲ့ မရူနားလ်ထာကုရ်တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အရင်ကားလိုပဲ ဒါရိုက်တာလေးဦးက မတူညီတဲ့ ဇာတ်လမ်းတိုလေးပုဒ်ကို အမျိုးသမီးတွေ အဓိကနေရာကနေ တင်ဆက်ထားတာပါ။ ဇာတ်လမ်းတွေက အမျိုးသမီးတွေရဲ့ လိင်မှုဆိုင်ရာခံစားချက်နဲ့ စိတ်နေစိတ်ထားတွေကို အာရုံစိုက်ထားပါတယ်။ လက်တွဲဖော်အမျိုးသားတွေ မသိကြတဲ့အကြောင်းတွေ၊ အမျိုးသမီးတွေ ကိုယ်တိုင်တောင် သတိမထားမိတဲ့ ကိုယ့်စိတ်အကြောင်းတွေကို ပုံဖော်ထားတယ်။ အိမ်ထောင်ရေးမှာ လိင်စိတ်တစ်ခုတည်းကို အဓိကထားတာထက် အချစ်နဲ့ လိင်မှုဘဝ နှစ်မျိုးလုံး အတူရှိဖို့လိုတယ်ဆိုတဲ့အမြင်ကို ဇာတ်လမ်းတစ်ပုဒ်ချင်းစီကနေ တင်ပြထားပါတယ်။ လိင်မှုဆိုင်ရာ အသိပညာပေးသဘော ပါဝင်ပြီး ၁၈ နှစ်အထက်အတွက် သတ်မှတ်ထားတဲ့ ရုပ်ရှင်ပါ။

ဇာတ်လမ်းအကြောင်း