ဇာတ်ကားများ ရွေးရန်

See for Me

2022ဇာတ်ကားအမှတ် 6.1/1092 မိနစ်

မျက်မမြင် နှင်းလျှောစီးအားကစားသမား ဆိုဖီဟာ အိုလံပစ်ပြိုင်ပွဲကို လွဲချော်သွားပြီးနောက် သူဌေးအိမ်တွေမှာ အိမ်မွေးတိရစ္ဆာန်တွေကို စောင့်ရှောက်ပေးရင်း ဝင်ငွေရှာနေပါတယ်။ သူ့ကို စိတ်ပူတဲ့အမေက မျက်မမြင်တွေအတွက် ထုတ်ထားတဲ့ See For Me ဆိုတဲ့ အက်ပ်တစ်ခုကို သုံးကြည့်ဖို့ ညွှန်ပေးတယ်။ အကူအညီလိုသူက ဖုန်းနဲ့ ဗီဒီယိုခေါ်ပြီး ပတ်ဝန်းကျင်ကို ပြပေးရင် စေတနာ့ဝန်ထမ်းတစ်ယောက်က ဖုန်းကနေ ကြည့်ပြီး လိုအပ်တာတွေ ရှာပေးတာ၊ လမ်းညွှန်ပေးတာမျိုး လုပ်ပေးတဲ့ အက်ပ်ပါ။ ဆိုဖီလည်း အဲဒီအက်ပ်ကတစ်ဆင့် မိန်းကလေးတစ်ယောက်နဲ့ ခင်မင်သွားပါတယ်။ တစ်ညမှာတော့ သူစောင့်ပေးနေတဲ့အိမ်ကို ဖောက်ထွင်းသမားတွေ ဝင်လာကြတယ်။ အကူအညီပေးနိုင်သူက ဖုန်းတစ်ဖက်မှာပဲ ရှိနေတာမို့ ဆိုဖီဟာ အဲဒီသူငယ်ချင်းရဲ့ လမ်းညွှန်မှုကို အားကိုးပြီး ရင်ဆိုင်ရတော့တာပါ။ သေနတ်တစ်လက်နဲ့ မမြင်ရတဲ့ ဖောက်ထွင်းသမားတွေကို ရင်ဆိုင်နေရတဲ့ ဆိုဖီကို သူငယ်ချင်းဖြစ်သူက ဖုန်းကနေ ဘယ်လိုလှုပ်ရှားရမလဲဆိုတာ ညွှန်ပေးနေပါတယ်။

ဇာတ်လမ်းအကြောင်း