ဇာတ်ကားများ ရွေးရန်

A Twelve-Year Night

2018ဇာတ်ကားအမှတ် 7.4/10122 မိနစ်

ဆယ်စုနှစ်များစွာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်ခဲ့တဲ့ ဥရုဂွေးဟာ အာဏာရှင်လက်အောက် ကျရောက်သွားတဲ့အခါ အာဏာသိမ်းမှုကို လက်မခံနိုင်သူတွေ တော်လှန်ကြပါတော့တယ်။ တူပါမာရိုတော်လှန်ရေး ရှုံးနိမ့်သွားပြီးနောက် ကျန်ရစ်သူတွေဟာ ဖမ်းဆီးထောင်ချခံရတယ်။ သူတို့ထဲမှာ နောင်တစ်ချိန် ဥရုဂွေးနိုင်ငံရဲ့ သမ္မတနဲ့ အထက်လွှတ်တော်အမတ် ဖြစ်လာမယ့်သူတွေလည်း ပါဝင်နေပါတယ်။ ဇာတ်ကားက ဒီအကျဉ်းသားတွေ ထောင်ထဲမှာ ဆယ့်နှစ်နှစ်ကြာ ဖြတ်သန်းခဲ့ရတဲ့အကြောင်းကို ပြထားတာပါ။ သူတို့ဟာ အချင်းချင်း စကားပြောခွင့်မရှိသလို တခြားဘယ်သူနဲ့မှလည်း စကားပြောခွင့်မရကြဘူး။ ကိုယ်ခန္ဓာကို နှိပ်စက်ခံရရုံတင်မက စိတ်ဓာတ်ပါ ပြိုလဲသွားအောင် ဖိနှိပ်ခံကြရပြီး အပေါ့အလေးသွားဖို့လို နေ့စဉ်ကိစ္စလေးတွေကအစ တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားရပါတယ်။ လွတ်လပ်စွာ နေထိုင်ခဲ့ဖူးသူတွေဟာ အခုတော့ လူတစ်ယောက်နဲ့ စကားပြောဖို့တောင် မဖြစ်နိုင်တဲ့ အကျဉ်းဘဝကို နှစ်ရှည်လများ ရင်ဆိုင်ကြရတော့တယ်။

ဇာတ်လမ်းအကြောင်း