Three Times
Three Times က ခေတ်သုံးခေတ်က အချစ်အကြောင်းတွေကို အပြိုင်တင်ဆက်ထားတဲ့ ထိုင်ဝမ်အချစ်ရုပ်ရှင်ပါ။ လူနှစ်ယောက် နီးစပ်လာလိုက်၊ ဝေးကွာသွားလိုက် ဖြစ်နေကြပုံနဲ့ အလွဲတွေကြားက အောက်မေ့သတိရမှုတွေကို Hou Hsiao-Hsien ရဲ့ ရိုက်ကူးဟန်နဲ့ ပြထားပါတယ်။ ထိုင်ဝမ် New Wave ရုပ်ရှင်လှုပ်ရှားမှုရဲ့ အဓိကဒါရိုက်တာတစ်ဦးဖြစ်တဲ့ Hou က ဒီကားကို Second New Wave ခေတ်အလွန်မှာ ရိုက်ကူးခဲ့တာပါ။ သူဟာ The Assassin (2015) နဲ့ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံးဒါရိုက်တာဆု ရထားသူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဓာတ်ပုံကိုတော့ Hou နဲ့ အလုပ်တွဲလုပ်နေကျ Mark Lee Ping-bing က တာဝန်ယူထားတယ်။ သူက In the Mood for Love ကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဓာတ်ပုံဆရာ သုံးယောက်ထဲက တစ်ယောက်ပါ။ အဓိကသရုပ်ဆောင်တွေက Chan Chen နဲ့ ရှုကြည်တို့ ဖြစ်ပါတယ်။ Chan Chen ဟာ ငယ်စဉ်ကတည်းက Edward Yang ရဲ့ A Brighter Summer Day မှာ ပါဝင်ခဲ့ပြီး ဝေါင်ကာဝေး၊ အန်းလီ၊ ဂျွန်ဝူးတို့နဲ့လည်း အလုပ်လုပ်ခဲ့ဖူးသူပါ။ ရှုကြည်ကလည်း Hou နဲ့ တွဲဖက်ရိုက်ကူးနေကျ သရုပ်ဆောင်တစ်ဦး ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၂၀၀၅ ခုနှစ် ကိန်းရုပ်ရှင်ပွဲတော်ရဲ့ Palme d'Or ဆုအတွက် ဆန်ခါတင်ဝင်ခဲ့ပြီး နယူးယောက်တိုင်းမ်က ရွေးချယ်ထားတဲ့ ၂၁ ရာစုအကောင်းဆုံးရုပ်ရှင် ၂၅ ကားစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ရိုက်ကူးဟန်က ဝေါင်ကာဝေးရဲ့ဟန်နဲ့ ဆင်တူမှုရှိပေမယ့် ပိုရိုးရှင်းပြီး လက်တွေ့ဘဝနဲ့ ပိုနီးစပ်တဲ့ ပုံစံမျိုးပါ။
ဇာတ်လမ်းအကြောင်း