Ashgrove
ကမ္ဘာတစ်ဝန်းက ရေတွေဟာ အဆိပ်ဖြစ်ပြီး လူတွေကို သေစေတဲ့အထိ အန္တရာယ်ပေးလာတာကြောင့် လူတိုင်း နေ့စဉ်သောက်ရေကို အောင်စနဲ့ တိုင်းတာပြီး ကန့်သတ်သောက်သုံးနေကြရပါတယ်။ ကမ္ဘာ့ထိပ်တန်း သိပ္ပံပညာရှင်တွေက ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေကြပြီး ဒေါက်တာ Jennifer Ashgrove ဟာ အဖြေနဲ့ အနီးစပ်ဆုံး ရောက်နေသူလို့ ယူဆထားကြတယ်။ လူသားတွေကို ကယ်တင်ရမယ့်တာဝန် ပိနေတဲ့ Jennifer ဟာ အလုပ်ကိုပဲ အချိန်ပေးနေရလို့ ခင်ပွန်း Jason နဲ့ အိမ်ထောင်ရေးကိုလည်း ဂရုမစိုက်နိုင်တော့ဘူး။ အတိတ်မေ့တဲ့ လက္ခဏာတွေပါ စတင်ခံစားလာရပြီး အလုပ်ကနေ ခဏအနားယူလိုက်တဲ့အခါ သူတို့အိမ်ထောင်ရေးမှာ ရှိနေတဲ့ ပဋိပက္ခတွေကို ရင်ဆိုင်လာရပါတယ်။ ရေကြောင့်ဖြစ်တဲ့ ကပ်ဘေးအတွက် ဖြေရှင်းနည်း ရှာတွေ့နိုင်မလားဆိုတဲ့ မေးခွန်းနဲ့အတူ လင်မယားနှစ်ယောက်ကြားက အဆင်မပြေမှုတွေကို ပြထားတာပါ။ Jennifer အဖြစ် Amanda Brugel နဲ့ Jason အဖြစ် Jonas Charnick တို့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း