ဇာတ်ကားများ ရွေးရန်

The Good Neighbor

2022ဇာတ်ကားအမှတ် 7.0/1097 မိနစ်

အလုပ်ကိစ္စနဲ့ တစ်နယ်တစ်ကျေးကို ပြောင်းလာတဲ့ သတင်းသမား ဒေးဗစ်ဟာ အိမ်နီးချင်း ရောဘတ်နဲ့ ခင်မင်သွားပါတယ်။ စိတ်တူကိုယ်တူရှိတဲ့ သူငယ်ချင်းရပြီလို့ ထင်ထားပေမယ့် တစ်ညမှာ နှစ်ယောက်သား ကလပ်အတူသွားကြရာက ပြဿနာကြီးတစ်ခု ဖြစ်သွားတယ်။ သူတို့နှစ်ယောက်က အဲဒီကိစ္စကို အတူဖုံးကွယ်ထားလိုက်ကြပါတယ်။ ရက်တွေကြာလာတာနဲ့ ဒေးဗစ်က အမှန်တရားကို ဝန်ခံချင်လာတယ်။ ရောဘတ်ကတော့ ဘာမှမပေါ်ပေါက်စေချင်တာကြောင့် နှစ်ယောက်ကြား အချေအတင်တွေ ဖြစ်လာကြပါတယ်။ သူတို့ဖုံးထားတဲ့ကိစ္စက ဘာလဲ၊ ဒေးဗစ်ကို လွှမ်းမိုးချုပ်ကိုင်ချင်တဲ့ ရောဘတ်က ဘယ်လိုတွေ ဆက်အကြံထုတ်ဦးမလဲဆိုတာကို ဆက်ကြည့်ရမယ့် သည်းထိတ်ရင်ဖိုဇာတ်ကားပါ။ The Tudors မှာ King Henry VIII အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Jonathan Meyers ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း