ဇာတ်ကားများ ရွေးရန်

24: Redemption

2008ဇာတ်ကားအမှတ် 7.0/10102 မိနစ်

24: Redemption က ရာသီကိုးခုအထိရှိတဲ့ 24 စီးရီးရဲ့ အဆက်ဖြစ်ပြီး တစ်ကားတည်းနဲ့ ဇာတ်လမ်းပြီးဆုံးတဲ့ ရုပ်ရှင်ပါ။ Kiefer Sutherland အဓိကသရုပ်ဆောင်ထားပြီး အေးဂျင့်ဘဝက အနားယူထားသူတစ်ယောက် အာဖရိကမှာ နေထိုင်နေချိန်ကို ဇာတ်အိမ်တည်ထားပါတယ်။ သူနဲ့ သူ့သူငယ်ချင်းဟာ Sangala ဆိုတဲ့နိုင်ငံက မိဘမဲ့ဂေဟာလေးမှာ လုပ်အားပေးရင်း အေးအေးဆေးဆေး နေကြတာပါ။ Sangala ကတော့ ဇာတ်လမ်းအတွက် ဖန်တီးထားတဲ့ နိုင်ငံဖြစ်ပါတယ်။ တစ်ဖက်မှာ အမေရိကန်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို မနှစ်သက်တဲ့ စစ်သွေးကြွအဖွဲ့တွေ ရှိနေတယ်။ သူတို့ခေါင်းဆောင်ကို အမေရိကန်ဘက်က လက်နက်ဖြုတ်ထားပြီးပေမယ့် အဲဒီနိုင်ငံမှာ တွင်းထွက်နဲ့ စီးပွားရေးအခွင့်အလမ်း မရှိတာကြောင့် အမေရိကန်က ပြန်ဆုတ်ချင်နေပါတယ်။ ရာထူးကနေ ဆင်းပေးရတော့မယ့် အမေရိကန်သမ္မတကတော့ သမ္မတအသစ်မတက်ခင် သူ့အကြံအစည်အတိုင်း ဖြစ်လာဖို့ စစ်သွေးကြွအဖွဲ့ကို တိတ်တဆိတ် လက်နက်ပြန်ထောက်ပံ့ပေးတယ်။ စစ်သွေးကြွတွေက တပ်ဖွဲ့တည်ထောင်ဖို့ ကလေးစစ်သားတွေ လိုက်စုလာတဲ့အခါ မိဘမဲ့ဂေဟာမှာ နေထိုင်နေတဲ့ အေးဂျင့်ဟောင်းတို့နဲ့ ထိပ်တိုက်တွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။

ဇာတ်လမ်းအကြောင်း