White Dragon Horse
အနောက်ပင်လယ်က နဂါးမျိုးနွယ်စုတွေဟာ ကောင်းကင်ဘုံတရားရုံးတော်ကို ခစားပြီး ပင်လယ်ပြင်ကို စောင့်ကြပ်ပေးနေကြရပါတယ်။ ဒါပေမဲ့ ကောင်းကင်ဘုံက နတ်မင်းတွေကတော့ နဂါးတွေကို သူတို့အလိုကျ စီမံနိုင်တဲ့သူတွေလို့ပဲ သဘောထားကြတယ်။ မက်မွန်ပွဲတော်ရောက်တိုင်း နဂါးတွေကို စားသောက်ဖွယ်အဖြစ် စားသုံးနေကြတာပါ။ အနောက်ပင်လယ် နဂါးတိုင်းပြည်ရဲ့ အိမ်ရှေ့စံ အောင်လျဲ့က ဒီအဖြစ်ကို လုံးဝ မကျေနပ်ဘူး။ ဒါကြောင့် နဂါးမျိုးနွယ်ရဲ့ အင်အားကို ပြန်လည်စုစည်းပြီး နဂါးအသားစားတဲ့ ဓလေ့ကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ သူနဲ့ လက်ဆက်ဖို့ စီစဉ်ထားတဲ့ မင်းသမီး ပိပေါ်ထန်ကို တွေ့လိုက်ရပြီး မြင်မြင်ချင်း ချစ်မိသွားတယ်။ မောက်မာခဲ့တဲ့ အောင်လျဲ့ဟာ မင်းသမီးကြောင့် စိတ်ထား နူးညံ့လာပေမယ့် သူချစ်ရသူကို ခေါင်းကိုးလုံးမိစ္ဆာဘုရင်က လုယူသွားပါတယ်။ အောင်လျဲ့တစ်ယောက် ချစ်သူအတွက် ခေါင်းကိုးလုံးမိစ္ဆာကို ချေမှုန်းနိုင်ပါ့မလား။ သတ်ဖြတ်ခံနေရတဲ့ သူ့မျိုးနွယ်စုကိုရော ကယ်တင်နိုင်ပါ့မလားဆိုတဲ့ အခက်အခဲနှစ်ခုနဲ့ ရင်ဆိုင်ရပါတော့တယ်။
ဇာတ်လမ်းအကြောင်း