The Tipping Point
တက္ကသိုလ်ကျောင်းသူ ကျောက်ရွှယ်နင်ဟာ ချေးငွေကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အာမခံကုမ္ပဏီရဲ့ အပေါ်ဆုံးထပ်ကနေ ခုန်ချသွားပါတယ်။ ဝမ်းဟိုင်မြို့မှာ တာဝန်ကျတာ မကြာသေးတဲ့ မှုခင်းရဲအရာရှိ ချန်ရွေ့က ဒီအမှုကို လက်ခံစုံစမ်းရင်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုမဟုတ်ဘဲ လူသတ်မှု ဖြစ်နိုင်တယ်လို့ သံသယဝင်လာတယ်။ အထက်အရာရှိ စခန်းမှူးတုကလည်း အမှုကို အမြန်ဆုံး ဖော်ထုတ်ဖို့ ညွှန်ကြားလာပါတယ်။ ချန်ရွေ့ အမှုရဲ့အစအနတွေကို လိုက်ရှာလေလေ ထင်ထားတာထက် ပိုရှုပ်ထွေးနေမှန်း သိလာရလေလေပါပဲ။ အာမခံကုမ္ပဏီတင်မက မြို့ရဲ့ မျက်နှာဖုံးစီးပွားရေးသမား အန်းယိမင်နဲ့ သူ့ဇနီး ကျိုးထုံတို့ပါ ပတ်သက်နေကြောင်း တွေ့လာရတယ်။ ငွေကြေးခဝါချမှုနဲ့ တရားမဝင်ငွေချေးမှုတွေအကြောင်းကို ရိုက်ထားတဲ့ ဒီဇာတ်လမ်းမှာ အမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုအကြံအစည်တွေ ရှိနေမလဲ၊ ဝမ်းဟိုင်မြို့ရဲ့ မကောင်းမှုပပျောက်ရေးလှုပ်ရှားမှုကို ဘယ်လို ပြီးမြောက်အောင် ဆောင်ရွက်ကြမလဲဆိုတာ ဆက်တွေ့ရမှာပါ။
ဇာတ်လမ်းအကြောင်း