ဇာတ်ကားများ ရွေးရန်

Tomb Raider

2018ဇာတ်ကားအမှတ် 6.4/10118 မိနစ်4K

လာရာခရော့ဖ်ဟာ ဖခင်ရစ်ချက် ပျောက်ဆုံးနေတဲ့ကြားက ဘဝကို ပူပင်ကြောင့်ကြမဲ့ ဖြတ်သန်းနေသူပါ။ တစ်ရက်မှာ ယာဉ်တိုက်မှုကြောင့် အဖမ်းခံရတော့ ဖခင်ရဲ့စီးပွားဖက် အန်နာမစ်လာက အာမခံနဲ့ လာထုတ်ပေးပါတယ်။ ရစ်ချက်ရဲ့ လုပ်ငန်းတွေကို လာရာက အမွေဆက်ခံပြီး ဆက်မလုပ်ရင် ရောင်းပစ်ရတော့မယ်လို့ အန်နာက သတိပေးလာတာကြောင့် လာရာလည်း ဖခင်ရဲ့ရုံးခန်းဆီ သွားခဲ့တယ်။ ရုံးခန်းထဲမှာ ဖခင်ချန်ထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ပါတယ်။ အဲဒီထဲမှာ ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ်သက်တဲ့ သုတေသနအကြောင်းကို ပြောထားပြီး အန္တရာယ်များလွန်းလို့ ဆက်မရှာဖို့၊ အချက်အလက်တွေကို ဖျက်ဆီးပစ်ဖို့ မှာထားတယ်။ လာရာကတော့ ဖခင်ရဲ့ သတိပေးချက်ကြားကပဲ ရှေ့ဆက်ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဟောင်ကောင်ကို ခရီးထွက်ပြီး ဟီမီကိုဘုရင်မရဲ့ အုတ်ဂူရှိနိုင်တဲ့ ကျွန်းဆီ သွားရာမှာ မုန်တိုင်းမိလို့ သင်္ဘောပျက်သွားတယ်။ ကျွန်းတစ်ကျွန်းပေါ် ကမ်းတင်လာတဲ့ လာရာကို ဟီမီကိုအုတ်ဂူ လိုက်ရှာနေတဲ့ အဖွဲ့ခေါင်းဆောင် မက်သီရက်ဗိုဂယ်က ဖမ်းဆီးထားလိုက်ပါတယ်။ ဗိုဂယ်က ရစ်ချက်ရဲ့ သုတေသနအချက်အလက်တွေကို အသုံးပြုပြီး အုတ်ဂူကို ဆက်ရှာဖို့ ကြံစည်နေသူပါ။ နောက်ပိုင်းမှာ သင်္ဘောကပ္ပတိန် လူရန်က လာရာကို ကယ်ဆယ်ပေးခဲ့ပြီး ဒေသခံရေလုပ်သားတွေရဲ့ အကူအညီကိုလည်း ရရှိခဲ့ပါတယ်။ ကျွန်းပေါ်မှာ ဘာတွေ ဆက်ကြုံရမလဲ၊ ဟီမီကိုကိုရော ဘယ်လိုတားဆီးကြမလဲ။

ဇာတ်လမ်းအကြောင်း