Seetharam Benoy
ရဲအရာရှိ Seetharaam ဟာ ဝေးလံခေါင်ဖျားတဲ့ ဒေသတစ်ခုကို ပြောင်းရွှေ့တာဝန်ကျလာပါတယ်။ ရောက်တဲ့နေ့မှာပဲ သူ့အိမ် ဖောက်ထွင်းခိုးယူခံရပြီး ဇနီးဖြစ်သူရဲ့ ရွှေငွေတွေ ပါသွားတယ်။ ပစ္စည်းဆုံးရှုံးရတာအပြင် ရဲအရာရှိတစ်ယောက်အနေနဲ့ သူ့ဂုဏ်သိက္ခာကိုပါ စော်ကားခံလိုက်ရသလို ဖြစ်နေတာကြောင့် ကိုယ်တိုင် စုံစမ်းပါတော့တယ်။ ဘယ်သူခိုးတာဖြစ်နိုင်လဲဆိုတာ ခန့်မှန်းမိပေမယ့် သက်သေရှာဖို့က မလွယ်ဘူး။ စုံစမ်းရင်း ဒီခိုးမှုဟာ အမှုနံပါတ် ၁၈ လို့ သတ်မှတ်ထားတဲ့ လူသတ်မှုနဲ့ ဆက်စပ်နေကြောင်း ပေါ်လာတဲ့အခါ သူလိုက်နေတဲ့အမှုက ပိုရှုပ်ထွေးလာပါတယ်။ ၂၀၂၁ ခုနှစ်ထွက် Seetharaam Benoy: Case Number 18 ဟာ အဲဒီဆက်စပ်မှုတွေကို Seetharaam ဘယ်လိုဖော်ထုတ်မလဲဆိုတာ ဆက်ပြထားတဲ့ မှုခင်းဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း