ဇာတ်ကားများ ရွေးရန်

Jail

2021ဇာတ်ကားအမှတ် 3.0/10134 မိနစ်

ကာနက အသေးစားသူခိုး၊ ကာလီက ထောင်ထွက်၊ ရက်ကီကတော့ ဆေးခြောက်ရောင်းဝယ်သူပါ။ သူငယ်ချင်းသုံးယောက် နေထိုင်တဲ့ ချန်နိုင်းမြို့က ဆင်းရဲသားရပ်ကွက်ကို အစိုးရက ပြန်လည်နေရာချထားရေးအတွက် ရွှေ့ပြောင်းလိုက်တဲ့အခါ သူတို့လည်း ကာဗရီနဂါးကို ရောက်လာကြပါတယ်။ ဒီလိုရွှေ့ပြောင်းခံရသူတွေ စုဝေးလာတဲ့ ကာဗရီနဂါးမှာ လူဦးရေ နှစ်သိန်းခွဲအထိ ရှိနေပြီ။ ကာဗရီနဂါးကလူဆိုရင် အလုပ်ခန့်ချင်သူမရှိသလို ရဲတွေကလည်း ပြစ်မှုအများဆုံးဖြစ်တဲ့ နယ်မြေအဖြစ် သတ်မှတ်ထားကြပါတယ်။ စီစီတီဗီတွေနဲ့ ၂၄ နာရီလုံး စောင့်ကြည့်ခံနေရပြီး ပြစ်မှုကျူးလွန်သူတွေလည်း အတော်များတယ်။ အဲဒီမှာ တာဝန်ကျတဲ့ ရဲအုပ်ကိုယ်တိုင်က လာဘ်စားမှုကြောင့် တာဝန်ဆိုင်းငံ့ခံခဲ့ရပြီး လာဘ်ထိုးလို့ အလုပ်ပြန်ရလာသူပါ။ ဒီပတ်ဝန်းကျင်ထဲမှာ ဆေးခြောက်ရောင်းဝယ်တဲ့ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ မပြေမလည်ဖြစ်နေတဲ့ ရန်စတွေလည်း ရှိနေပါတယ်။ Jail က အဲဒီအဖြစ်အပျက်တွေနဲ့အတူ ကာန၊ ကာလီနဲ့ ရက်ကီတို့ကြားက သူငယ်ချင်းသံယောဇဉ်၊ သူတို့ရဲ့ မိသားစုအရေးတွေကို ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း