Bordertown: The Mural Murders
အမည်မသိလူတစ်ယောက်က သူ့ကိုယ်သူ တရားသူကြီးလို့ ကြေညာပြီး ဆိုရှယ်မီဒီယာပေါ်မှာ မဲကောက်ခံလာပါတယ်။ ပြည်သူတွေကို အလေးနက်ဆုံးပြစ်မှုတွေ ကျူးလွန်ထားတဲ့ ရာဇဝတ်သားတွေထဲက မဲပေးရွေးခိုင်းပြီး ရလာတဲ့မဲအစဉ်အတိုင်း တစ်ယောက်ချင်း လိုက်ရှာသတ်ဖြတ်နေတာပါ။ ဒီအကြောင်း လူသိများလာတဲ့အခါ ပြည်သူတွေကိုယ်တိုင်က သူ့လုပ်ရပ်ကို ထောက်ခံအားပေးလာကြတယ်။ ရဲတွေက ကွင်းဆက်လူသတ်သမားကို ဖမ်းဖို့ အပူတပြင်းကြိုးစားပေမယ့် လူတွေ တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်ခံနေရဆဲပါ။ နောက်ဆုံးမှာ နာမည်ကြီးအငြိမ်းစားစုံထောက် Kari Sorjonen ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းကြရပါတယ်။ အဲဒီကနေ Sorjonen နဲ့ ကိုယ့်ကိုယ်ကိုယ် တရားသူကြီးလို့ သတ်မှတ်ထားသူတို့ကြား အားပြိုင်မှု စလာတယ်။ ရာဇဝတ်သားတွေကို သတ်ပစ်ခြင်းက တရားမျှတမှုကို ဆောင်ရွက်ရာရောက်သလား၊ ဥပဒေချိုးဖောက်မှုသာ ဖြစ်သလားဆိုတဲ့ မေးခွန်းကို ဇာတ်လမ်းက တင်ထားပါတယ်။ အတိုက်အခိုက်နဲ့ အက်ရှင်ခန်းတွေထက် စိတ်ပိုင်းဆိုင်ရာနဲ့ မှုခင်းစုံစမ်းမှုကို အားပြုထားပြီး ဇာတ်လမ်းကို အေးအေးနဲ့ ဆက်သွားတဲ့ပုံစံပါ။
ဇာတ်လမ်းအကြောင်း