ဇာတ်ကားများ ရွေးရန်

Sergeant

2023ဇာတ်ကား104 မိနစ်

ဆာဂျင် နစ်ခေးရှာမာဟာ ကလင်းမ်ဆိုတဲ့ ကောင်လေးကို ကယ်တင်ဖို့ အမှုလိုက်ရင်း ခြေထောက်တစ်ဖက် ဆုံးရှုံးသွားပါတယ်။ ကောင်လေးကိုလည်း မကယ်လိုက်နိုင်ခဲ့ဘူး။ အဲဒီဖြစ်ရပ်နောက်မှာ သူ့ဘဝနဲ့ အလုပ်ဂုဏ်သိက္ခာပါ ထိခိုက်သွားပြီး အရက်ကို အားကိုးရင်း အရက်စွဲလာတယ်။ ကလင်းမ်သေဆုံးတာ သူ့ကြောင့်ဆိုတဲ့ အပြစ်တင်မှုတွေကလည်း ရှိနေပါတယ်။ အလုပ်ကလူတွေကြားမှာ သူပြောတဲ့စကားတွေ အရာမရောက်တော့သလို အရင်က မဖော်ထုတ်နိုင်ခဲ့တဲ့ အမှုကိုပါ ပြန်အစဖော်ပြီး ဝေဖန်ကြတယ်။ ကိုယ်ခန္ဓာရော စိတ်ရော ထိခိုက်နေရတဲ့အပြင် ဂုဏ်သိက္ခာပါ ဆုံးရှုံးထားတဲ့ နစ်ခေးတစ်ယောက် ဒီအခြေအနေကနေ ဘယ်လိုပြန်ရုန်းထမလဲ။ အတိတ်ကအမှုနဲ့ ကလင်းမ်ရဲ့အမှုတို့မှာလည်း အမှန်တရား ပေါ်လာဦးမလားဆိုတာကို ဆက်ပြထားပါတယ်။ နစ်ခေးရှာမာအဖြစ် Randeep Hooda သရုပ်ဆောင်ထားပြီး Sapna Pabbi နဲ့ Adil Hussain တို့လည်း ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း