Touching Gold Captain
ချောင်ရွှင့်ဟာ အုတ်ဂူဖောက်တဲ့ပညာမှာ ဆရာတစ်ဆူလို့ သတ်မှတ်ခံရတဲ့ မောကျင်းတွေရဲ့ ၄၆ ဆက်မြောက် မျိုးဆက်ပါ။ ဒါပေမယ့် ငယ်ငယ်ကတည်းက အဖေက စွန့်ပစ်သွားပြီး အမေကလည်း ဆုံးသွားတာကြောင့် အုတ်ဂူဖောက်ပညာကို မသင်ခဲ့ရသလို တခြားပညာတွေလည်း မတတ်ခဲ့ဘူး။ သူကျွမ်းကျင်တာက လိမ်လည်လှည့်ဖြားတာပဲ ရှိပါတယ်။ တစ်နေ့မှာတော့ အေးအေးချမ်းချမ်းရှိနေတဲ့ သူတို့ရွာကို တိုင်းတစ်ပါးသားတွေ ရောက်လာကြတယ်။ သူတို့က အုတ်ဂူဖောက်ပြီး ရတနာသိုက်တူးဖို့ မောကျင်းမျိုးဆက်ဖြစ်တဲ့ ချောင်ရွှင့်ကို လာရှာကြတာပါ။ တစ်ရွာလုံးရဲ့အသက်နဲ့ ခြိမ်းခြောက်လာတဲ့အခါ ချောင်ရွှင့်လည်း အုတ်ဂူဖောက်သူအဖြစ် ရှေးဘုရင်တွေရဲ့ ဂူသင်္ချိုင်းထဲကို လိုက်သွားရတော့တယ်။ မျိုးရိုးသာရှိပြီး ပညာမတတ်တဲ့ ချောင်ရွှင့်အတွက် ဂူထဲမှာ စောင့်နေတဲ့ ကျိန်စာတွေနဲ့ မကောင်းဆိုးဝါးတွေကို ကျော်ဖြတ်နိုင်ပါ့မလား။ ရတနာရှာဖို့ လိုက်လာရတဲ့ ဒီခရီးကနေ အသက်ရှင်လျက် ပြန်ထွက်လာနိုင်မလား။
ဇာတ်လမ်းအကြောင်း