ဇာတ်ကားများ ရွေးရန်

6 Bullets

2012ဇာတ်ကားအမှတ် 6.0/10115 မိနစ်

ဗန်ဒိန်းပါဝင်ထားတဲ့ ၂၀၁၂ ခုနှစ်ထွက် အက်ရှင်ဇာတ်ကားမှာ ဆမ်ဆန်ဂေါလ်ဟာ ကြေးစားစစ်သားဟောင်းတစ်ယောက်ပါ။ စစ်သားဘဝက အနားယူပြီးနောက် အလွတ်စုံထောက်အဖြစ် လူကုန်ကူးမှုတွေကို အဓိကလိုက်စုံစမ်းခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့သတိလက်လွတ်လုပ်ရပ်ကြောင့် မတော်တဆမှုတစ်ခုဖြစ်ပြီး ကလေးမလေးနှစ်ယောက် သေဆုံးခဲ့ရပါတယ်။ အဲဒီအတွက် အပြစ်ရှိတဲ့စိတ်နဲ့ စုံထောက်အလုပ်ကိုပါ စွန့်လွှတ်ကာ အသားရောင်းသူအဖြစ် ဇာတ်မြှုပ်နေထိုင်ခဲ့တယ်။ တစ်နေ့မှာ အမေရိကန် MMA ချန်ပီယံဟောင်း အန်ဒရူးဖေဒန်နဲ့ မိသားစုဟာ တစ်ကျော့ပြန်ထိုးသတ်မယ့်ပွဲအတွက် ဆွေးနွေးဖို့ ဆမ်ဆန်နေထိုင်တဲ့ မော်ဒိုဗာနိုင်ငံကို ရောက်လာကြပါတယ်။ ရောက်ပြီး မကြာခင်မှာပဲ သမီးဖြစ်သူ ဘက်ကီဖေဒန် ရုတ်တရက် ပျောက်ဆုံးသွားတယ်။ ရဲတပ်ဖွဲ့နဲ့ အမေရိကန်သံရုံးအထိ အပူတပြင်း အကူအညီတောင်းပြီး စုံစမ်းခဲ့ပေမယ့် ဘာမှမထူးလာတဲ့အဆုံး မိသားစုက ဆမ်ဆန်ဆီ ရောက်လာကြပါတယ်။ ဒီလိုနဲ့ အနားယူနေတဲ့ ကြေးစားစစ်သားဟောင်းဟာ ပျောက်ဆုံးနေတဲ့ ကလေးမလေးကို လိုက်ရှာဖို့ ပြန်လုပ်ရပါတော့တယ်။

ဇာတ်လမ်းအကြောင်း