Iron Cross: The Road to Normandy
နော်မန်ဒီကမ်းခြေက D-Day တိုက်ပွဲကို နောက်ခံထားပြီး ဂျာမန်စစ်အရာရှိ Klaus Muller ရဲ့ ရှုထောင့်ကနေ စစ်ပွဲအကြောင်း ပြထားပါတယ်။ မဟာမိတ်တွေကို သူရဲကောင်းအဖြစ် ပုံဖော်တာထက် စစ်ပွဲရဲ့ အဓိပ္ပာယ်မဲ့မှုနဲ့ မြေပြင်မှာ တကယ်တိုက်ခိုက်နေရတဲ့ စစ်သားတွေရဲ့ ခံစားချက်တွေကို အသားပေးထားတဲ့ ဇာတ်ကားပါ။ ကလော့စ်မူလာဟာ အစပိုင်းမှာ အရှေ့ဘက်စစ်မြေပြင်၌ ရုရှားတပ်တွေနဲ့ တိုက်ခိုက်နေရာက နော်မန်ဒီကမ်းခြေတိုက်ပွဲဆီ ရောက်လာပါတယ်။ ဇာတ်လမ်းထဲမှာ ဂျာမန်စစ်သားတွေက ရုရှားစစ်သားတွေနဲ့ အမေရိကန်စစ်သားတွေကို ဘယ်လိုမြင်ကြသလဲဆိုတာအပြင် မဟာမိတ်တပ်သားတွေရဲ့ အမှောင်ဘက်ခြမ်းကိုလည်း ဖော်ပြထားတယ်။ ကလော့စ်က မဟာမိတ်တွေကို ခုခံရင်း ဖက်စစ်ဂျာမနီအတွက် အဆုံးထိ ဆက်တိုက်သွားမလား။ ဒါမှမဟုတ် စစ်ပွဲရဲ့ ရက်စက်မှုနဲ့ အဓိပ္ပာယ်မဲ့မှုတွေကို စိတ်ပျက်ပြီး အသက်ရှင်ကျန်ရစ်ဖို့ပဲ ရွေးချယ်သွားမလား။
ဇာတ်လမ်းအကြောင်း