The Mystery of Her
အထက်တန်းကျောင်းသူ အယ်လီဆန်စပန်ဆာဟာ ကားမတော်တဆမှုတစ်ခု ဖြစ်ပြီးနောက် မှတ်ဉာဏ်တွေ ပျောက်ဆုံးနေပါတယ်။ တစ်နေ့ ကျောင်းကအပြန် လမ်းပျောက်နေတုန်း သူ့ကို သိတယ်ဆိုတဲ့ ကင်မရွန်းဆိုသူ ကောင်လေးတစ်ယောက်နဲ့ ဆုံမိတယ်။ နောက်တစ်ရက် အခန်းရှင်းရင်း အိပ်ရာအောက်မှာ ကဗျာတွေရေးထားတဲ့ စာအုပ်တစ်အုပ် တွေ့လာပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းတွေနဲ့ ရည်းစားကို အဲဒီစာအုပ်အကြောင်း မေးကြည့်ပေမယ့် ဘယ်သူမှ မသိကြဘူး။ အယ်လီဆန်က စာအုပ်ထဲက ကဗျာတွေကို ဘယ်သူ့ကိုမှ မပြဘဲ သိမ်းထားရင်း ဒါတွေကို သူကိုယ်တိုင် ရေးခဲ့တာဟုတ်ရဲ့လားလို့ စဉ်းစားနေမိတယ်။ ကင်မရွန်းနဲ့ ထပ်တွေ့ဖြစ်တဲ့အခါ စာအုပ်ရဲ့ပဟေဠိကို ဖြေရှင်းဖို့ ကြိုးစားလာကြပါတယ်။ အဲဒီကနေ အယ်လီဆန်ဟာ မှတ်ဉာဏ်မပျောက်ခင်က သူဘယ်လိုလူတစ်ယောက် ဖြစ်ခဲ့သလဲဆိုတာကို ပြန်ရှာဖွေရပါတော့တယ်။
ဇာတ်လမ်းအကြောင်း