ဇာတ်ကားများ ရွေးရန်

Tyson's Run

2022ဇာတ်ကားအမှတ် 8.3/10103 မိနစ်

စတန်းဘရေ့ချ်မြို့က ဘော်ဘီဟိုလာမန်းဟာ မြို့ခံတွေ လေးစားကြတဲ့ ဘောလုံးနည်းပြတစ်ယောက်ပါ။ သူနည်းပြလုပ်နေတဲ့ ဂရေးဟောင်းအထက်တန်းကျောင်းအသင်းက ခုနစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိခဲ့သလို ပြည်နယ်ကိုယ်စားပြုချန်ပီယံဆုကိုလည်း ငါးနှစ်ဆက်တိုက် ရယူနိုင်ခဲ့ပါတယ်။ သူ့မှာ အော်တစ်ဇင်ရှိတဲ့ အသက် ၁၅ နှစ်အရွယ် သားလေးတိုင်ဆန် ရှိပြီး တိုင်ဆန်ကလည်း အဖေဂုဏ်ယူရတဲ့သူ ဖြစ်ချင်နေတယ်။ တစ်နေ့မှာ သူတို့မြို့မှာ မာရသွန်အပြေးပြိုင်ပွဲ ကျင်းပတော့မယ်လို့ သိရတဲ့အခါ တိုင်ဆန်က ဝင်ပြိုင်ချင်ကြောင်း မိဘတွေကို ပူဆာပါတယ်။ မိခင်က စိတ်ပူလို့ တားသလို ဖခင်ကလည်း သူမလုပ်နိုင်ဘူးလို့ ထင်နေတယ်။ ဒါပေမယ့် တိုင်ဆန်ကတော့ အလွယ်တကူ လက်မလျှော့ချင်ပါဘူး။ ဒီလိုနဲ့ တိုင်ဆန်ဟာ ချန်ပီယံဟောင်း အာခလိလုနဲ့ အမှတ်မထင် ခင်မင်ရင်းနှီးသွားပါတယ်။ မိဘတွေတားနေတဲ့ကြားက မာရသွန်ပြိုင်ပွဲ ဝင်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ပါ့မလား။

ဇာတ်လမ်းအကြောင်း