ဇာတ်ကားများ ရွေးရန်

Fist of the Condor

2023ဇာတ်ကားအမှတ် 7.4/1085 မိနစ်

အင်ကက်စ်လူမျိုးတွေရဲ့ သိုင်းပညာတစ်ရပ်ကို စာအုပ်တစ်အုပ်ထဲမှာ မှတ်တမ်းတင်ပြီး မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့ကြပါတယ်။ အဲဒီသိုင်းပညာနဲ့ ဆက်နွယ်နေတဲ့ အမွှာညီအစ်ကိုနှစ်ယောက်က ရုပ်ချင်းတူသလို သိုင်းစွမ်းရည်ချင်းလည်း တူကြတယ်။ ဒါပေမယ့် ခံယူချက်တွေကတော့ မတူကြဘူး။ ညီဖြစ်သူက သိုင်းကျမ်းကို လုပ်ကြံယူဆောင်ပြီး ထွက်ပြေးသွားရာက ဇာတ်လမ်းစပါတယ်။ ညီအစ်ကိုနှစ်ယောက်ကြားက ပြဿနာနဲ့အတူ အဲဒီပညာကို လေ့ကျင့်ဖို့ ဘာတွေလိုအပ်ပြီး ဘာတွေ ပေးဆပ်ရသလဲဆိုတာကို အတိုက်အခိုက်တွေနဲ့ ပြသွားတယ်။ Marko Zaror က သရုပ်ဆောင်ရုံသာမက ထုတ်လုပ်သူအဖြစ်ပါ ပါဝင်ထားတဲ့ ကိုယ်ခံပညာဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း