ဇာတ်ကားများ ရွေးရန်

Maurice

1987ဇာတ်ကားအမှတ် 7.6/10140 မိနစ်

လိင်တူချစ်ခြင်းကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားတဲ့ အင်္ဂလန်လူ့အသိုင်းအဝိုင်းမှာ Maurice ဟာ ကျောင်းနေဘက်သူငယ်ချင်း Clive ကို ချစ်မိသွားပါတယ်။ သူ့အတွက်တော့ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ သဘောထားတွေကို ရင်ဆိုင်ပြီး ချစ်ရတဲ့သူဖြစ်ပေမယ့် Clive က သူ့လို မရင်ဆိုင်ရဲခဲ့ပါဘူး။ Maurice ကို နှစ်သက်ပေမယ့် လူ့အသိုင်းအဝိုင်းကို ဆန့်ကျင်ဖို့တော့ သတ္တိမရှိခဲ့တာပါ။ လိုချင်တဲ့ချစ်ခြင်းမေတ္တာကို မရခဲ့တဲ့ Maurice ဟာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း အရာအားလုံးကို လျစ်လျူရှုနေခဲ့တယ်။ အချိန်တစ်ခုကြာလာတဲ့အခါ နောက်ထပ်အချစ်တစ်ခု ပေါ်ပေါက်လာဖို့ အကြောင်းဖန်လာပါတယ်။ ဒါကို Clive ဘယ်လိုတုံ့ပြန်မလဲ။ Maurice ကိုယ်တိုင်ကရော ဒီတစ်ကြိမ်မှာ အရာအားလုံးကို ရင်ဆိုင်ပြီး ကိုယ့်နှလုံးသားအတိုင်း ရှေ့ဆက်ရဲပါ့မလား၊ ဒါမှမဟုတ် စွန့်လွှတ်ဖို့ပဲ ရွေးချယ်မလား။

ဇာတ်လမ်းအကြောင်း