Thar
ရာဂျက်စ်သန်နယ်စပ်နားက မူနာဘာအိုရွာလေးမှာ အင်စပတ်တာ ဆူရေခါဆင်း တာဝန်ထမ်းဆောင်လာတာ ကြာပါပြီ။ လပိုင်းအတွင်း အငြိမ်းစားယူတော့မယ့် သူ့အတွက် ဒီနယ်မြေလေးက ရန်ပွဲလောက်သာရှိပြီး အမှုအခင်းကြီးကြီးမားမား မဖြစ်တတ်တဲ့ အေးချမ်းတဲ့နေရာပါ။ ဒါပေမယ့် တစ်နေ့မှာ ဂိုဏ်းတစ်ခုက အိမ်တစ်အိမ်ကို ဝင်လုကာ အိမ်သားတွေကို သတ်ဖြတ်ပြီး ပစ္စည်းဥစ္စာတွေ ယူသွားကြပါတယ်။ နောက်တစ်နေ့မှာပဲ ဆူဗာဆိုတဲ့ ရွာသားတစ်ယောက်လည်း ရက်ရက်စက်စက် နှိပ်စက်သတ်ဖြတ်ခံရပြန်တယ်။ ဆူရေခါဆင်းက ဒီအမှုတွေကို စုံစမ်းနေချိန်မှာ ဆစ်ဒါဆိုတဲ့ ရှေးဟောင်းပစ္စည်းရောင်းဝယ်သူတစ်ယောက် ရွာကို ရောက်လာပါတယ်။ သူလာရတဲ့အကြောင်းက အလုပ်သမားရှာဖို့ပါ။ တစ်ဖက်မှာလည်း လူသတ်မှုတွေကို ဖြေရှင်းဖို့ အထက်က ဖိအားပေးနေတဲ့အတွက် ဆူရေခါဆင်းက ဆက်လက်စုံစမ်းရင်း အမှုတွေဟာ မူးယစ်မှောင်ခိုရောင်းဝယ်မှုနဲ့ ပတ်သက်နေမှန်း သိလာရတယ်။ ရွာကိုရောက်လာတဲ့ မျက်နှာစိမ်းဆစ်ဒါကရော ဒီအမှုတွေနဲ့ ပတ်သက်နေမလား။ အငြိမ်းစားယူခါနီး ဆူရေခါဆင်းတစ်ယောက် လူသတ်မှုတွေရဲ့ တရားခံနဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို ဖော်ထုတ်နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း