ဇာတ်ကားများ ရွေးရန်

Jersey

2022ဇာတ်ကားအမှတ် 7.0/10175 မိနစ်

အရည်အချင်းရှိတဲ့ ခရစ်ကတ်ကစားသမားတစ်ယောက်ဟာ ဘယ်လောက်ပဲကြိုးစားကြိုးစား နိုင်ငံတော်အသင်းထဲ ဝင်ခွင့်မရခဲ့ပါဘူး။ အခွင့်အရေးမရတဲ့အဆုံးမှာ ခရစ်ကတ်ကို လက်လျှော့ပြီး သာမန်ဘဝထဲမှာပဲ စိတ်နာနာနဲ့ နေထိုင်လာခဲ့တယ်။ သူ့သားကတော့ ခရစ်ကတ်ဝါသနာအိုးလေးပါ။ မွေးနေ့လက်ဆောင်အဖြစ် အိန္ဒိယခရစ်ကတ်အသင်းဝတ်စုံတစ်စုံ လိုချင်တယ်လို့ ပူဆာလာတဲ့အခါ သားလိုချင်တာ ဝယ်ပေးချင်တဲ့စိတ်နဲ့ ဖခင်ဖြစ်သူဟာ မထင်မှတ်ဘဲ ခရစ်ကတ်လောကထဲ ပြန်ရောက်လာပါတယ်။ ဒီတစ်ကြိမ်မှာ သူ့အရည်အချင်းတွေ ထုတ်ပြခွင့်ရပါ့မလား၊ သားလိုချင်တဲ့ မွေးနေ့လက်ဆောင်ကို ပေးနိုင်ပါ့မလား၊ သူကိုယ်တိုင် မက်ခဲ့တဲ့အိပ်မက်ကရော အကောင်အထည်ပေါ်လာပါ့မလားဆိုတာ ဆက်တွေ့ရမှာပါ။ နာနီပါဝင်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ထွက် Jersey ကို ဟိန္ဒီဘာသာနဲ့ ပြန်လည်ရိုက်ကူးထားပြီး Kabir Singh မှာ သရုပ်ဆောင်ခဲ့တဲ့ ရှာဟစ်ဒ်ကပူရ်က အဓိကပါဝင်ထားပါတယ်။ အားကစားသမားတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ကြိုးစားအားထုတ်မှုအပြင် သားသမီးအပေါ်ထားတဲ့ မိဘမေတ္တာကိုလည်း ပုံဖော်ထားပါတယ်။

ဇာတ်လမ်းအကြောင်း