Between the Seasons
စေ့စပ်ပွဲပျက်သွားပြီးနောက် ဟန်ဟဲဆူဟာ အသည်းကွဲတဲ့စိတ်နဲ့ ဆိုးလ်ကနေ မြို့လေးတစ်မြို့ကို ပြောင်းလာခဲ့ပါတယ်။ အဲဒီမှာ ကော်ဖီဆိုင်လေးဖွင့်ပြီး နေထိုင်နေတုန်း တစ်ရက်မှာ ကော်ဖီလာဝယ်တဲ့ ဂျစ်ကန်ကန်ကျောင်းသူလေးတစ်ယောက်နဲ့ ဆုံဖြစ်တယ်။ ကော်ဖီခါးခါးသောက်တတ်တဲ့ အဲဒီကောင်မလေးကို ဟဲဆူက ထူးထူးခြားခြား မှတ်မိနေခဲ့ပါတယ်။ မကြာခဏ အမှတ်မထင်ဆုံမိကြရာက နှစ်ယောက်သား ရင်းနှီးလာပြီး ကျောင်းသူလေးကလည်း ဟဲဆူရဲ့ဆိုင်မှာ အချိန်ပိုင်းအလုပ် ဝင်လုပ်လာတယ်။ အစမှာ မိတ်ဆွေလို၊ ညီအစ်မလို ခင်မင်ခဲ့ကြပေမယ့် ကောင်မလေးဘက်က ခံစားချက်တွေက အဲဒီထက်ပိုလာပါတော့တယ်။ ဒီရင်းနှီးမှုကနေ သူတို့နှစ်ယောက်ကြား ဘာတွေပြောင်းလဲလာမလဲ။ ဇာတ်လမ်းမှာ LGBTQ+ လူတချို့ရဲ့ဘဝ၊ သူတို့အပေါ် ပတ်ဝန်းကျင်က မြင်ပုံတွေနဲ့ အချစ်ရေးမှာ ကြုံရတဲ့အခက်အခဲတွေကို ပြထားပါတယ်။ အများနဲ့မတူတာကို လက်ခံပေးဖို့ဆိုတဲ့အကြောင်းအပြင် ကိုယ့်ကိုယ်ကိုယ် လက်ခံနိုင်ဖို့အတွက်တောင် ခက်ခဲပင်ပန်းရတတ်တဲ့အကြောင်းကိုလည်း ထည့်ပြောထားတယ်။
ဇာတ်လမ်းအကြောင်း