Saani Kaayidham
မာရီဟာ အထက်လူကြီးနဲ့ အဆင်မပြေဖြစ်ပြီး အလုပ်ထွက်လာခဲ့ပါတယ်။ ဇနီးဖြစ်သူ ပွန်နီက ပြန်တောင်းပန်ကြည့်ဖို့ တိုက်တွန်းပေမယ့် အခြေအနေက ပြေလည်မသွားဘဲ မာရီက အထက်လူကြီးရဲ့မျက်နှာကို တံတွေးနဲ့ ထွေးလိုက်မိတယ်။ အဲဒီကနေ ရန်ငြိုးထားခံရပြီး သူတို့မိသားစုအပေါ် ရက်ရက်စက်စက် လက်တုံ့ပြန်လာကြပါတော့တယ်။ ပွန်နီကို မုဒိမ်းကျင့်ခဲ့ကြသလို သူ့ခင်ပွန်းနဲ့ သမီးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ခဲ့ကြတယ်။ ပွန်နီကိုယ်တိုင် ရဲမေတစ်ယောက်ဖြစ်ပေမယ့် ရဲဌာနက သူ့ဘက်မှာ မရပ်တည်ပေးခဲ့ပါဘူး။ အဖြစ်မှန်ပေါ်သွားရင် ဌာနသိက္ခာကျမယ်ဆိုပြီး ဖုံးဖိထားဖို့ပဲ ခိုင်းခဲ့တယ်။ ရာထူး၊ ငွေကြေးနဲ့ အင်အားအထောက်အပံ့ မရှိတဲ့ ပွန်နီဟာ ဘက်ပေါင်းစုံက ဖိအားတွေကိုပါ ခံလာရပါတယ်။ နောက်ဆုံး ရာထူးကြီးသူတစ်ယောက်ရဲ့ အကူအညီနဲ့ ကျူးလွန်သူတွေ လွတ်သွားတဲ့အခါ ပွန်နီ ဘယ်လိုလက်စားချေမလဲ၊ အမှန်တရားကရော အနိုင်ရနိုင်ပါ့မလား။ ဇာတ်ကားမှာ သွေးထွက်သံယိုနဲ့ ရက်စက်တဲ့ သတ်ဖြတ်ခန်းတွေ ပါဝင်ပါတယ်။
ဇာတ်လမ်းအကြောင်း