ဇာတ်ကားများ ရွေးရန်

IB 71

2023ဇာတ်ကားအမှတ် 7.0/10117 မိနစ်

IB 71 က ၁၉၇၁ ခုနှစ် အိန္ဒိယလေကြောင်းလိုင်း လေယာဉ်ပြန်ပေးဆွဲမှုကို အခြေခံထားပြီး ဗီရွတ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ အိန္ဒိယနဲ့ ပါကစ္စတန်တို့ နိုင်ငံနှစ်ခုအဖြစ် ကွဲသွားပြီးနောက်မှာလည်း တင်းမာမှုတွေ ဆက်ရှိနေပါတယ်။ တစ်ဖက်နဲ့တစ်ဖက် သူလျှိုတွေလွှတ်၊ သတင်းတွေစုရင်း အသာစီးရဖို့ အပြိုင်ကြိုးစားနေကြတယ်။ ဇာတ်လမ်းထဲမှာ အကြိမ်ကြိမ် စစ်ရှုံးထားတဲ့ ပါကစ္စတန်က တရုတ်နဲ့ပေါင်းပြီး စစ်ပွဲပြန်စဖို့ ပြင်ဆင်လာပါတယ်။ ပြည်တွင်းစစ်နဲ့ အလုပ်ရှုပ်နေမှာပဲလို့ လျှော့တွက်ထားတဲ့ အိန္ဒိယဘက်က ကျူးကျော်တိုက်ခိုက်တော့မယ့်သတင်း ရလာချိန်မှာ ကြိုတင်ပြင်ဆင်ဖို့ အချိန်သိပ်မကျန်တော့ဘူး။ အိန္ဒိယအတွက် ရွေးချယ်စရာနည်းလမ်းက တစ်ခုပဲ ကျန်နေပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းကလည်း အန္တရာယ်ကြီးလွန်းနေတယ်။ အချိန်အနည်းငယ်အတွင်း ဒီအခြေအနေကို ရင်ဆိုင်နိုင်ဖို့ ဘယ်လိုအစီအစဉ်တွေ ချမှတ်ပြီး နိုင်ငံရေးလှည့်ကွက်တွေကို ဘယ်လိုအသုံးချကြမလဲဆိုတာ ဆက်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း