Tinted With You
လက်ရှိခေတ်က အထက်တန်းကျောင်းသား အွန်းဟိုဟာ ပန်းချီကားတစ်ချပ်ကြောင့် ဂျိုဆွန်းခေတ်ကို ပြန်ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ သူဆုံတွေ့ရသူက အစ်ကိုတော်ရဲ့မုန်းတီးမှုကြောင့် နယ်နှင်ဒဏ်ခံထားရတဲ့ အိမ်ရှေ့စံမင်းသား အီဟွန်းပါ။ မင်းသားဟာ နယ်နှင်ခံနေရရုံတင်မကဘဲ နည်းအမျိုးမျိုးနဲ့ လုပ်ကြံတာကိုလည်း ရင်ဆိုင်နေရတယ်။ အီဟွန်းအနားမှာတော့ ဘဝတစ်ခုလုံးပေးဆပ်ပြီး ကာကွယ်စောင့်ရှောက်လာတဲ့ ကိုယ်ရံတော် ဂွန်းလေးရှိပါတယ်။ အနာဂတ်ကရောက်လာတဲ့ ပန်းချီကျောင်းသား အွန်းဟို သူတို့ဘဝထဲ ဝင်လာတဲ့နောက် သုံးယောက်ကြားက ဆက်ဆံရေးတွေ ဘယ်လိုဖြစ်လာမလဲ၊ အွန်းဟိုနဲ့ အီဟွန်းတို့ရဲ့ ဘဝအခြေအနေတွေကရော ပြောင်းလဲသွားနိုင်မလား။ လက်ရှိခေတ်ရဲ့ သမိုင်းစာအုပ်မှာတော့ အိမ်ရှေ့စံမင်းသားဟာ အဆိပ်ကြောင့် သေဆုံးခဲ့တယ်လို့ ရေးထားပါတယ်။ အွန်းဟိုနဲ့ ဂွန်းလေးတို့က မင်းသားကို ကယ်နိုင်ကြပါ့မလား၊ ရေးထားပြီးသားကံကြမ္မာကို ပြောင်းလဲဖို့ ဖြစ်နိုင်ပါ့မလား။ သမိုင်းနောက်ခံနဲ့ စိတ်ကူးယဉ်အကြောင်းအရာကို ရောစပ်ထားတဲ့ BL အချစ်ဒရာမာဖြစ်ပြီး အွန်းဟိုနဲ့ မင်းသားတို့ရဲ့အချစ်အပြင် သုံးယောက်ကြားက ဖြူစင်တဲ့မေတ္တာကိုလည်း ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း