A Turtle's Tale: Sammy's Adventures
ပင်လယ်လိပ်ကလေးတစ်ကောင် ဥကနေ ပေါက်ဖွားလာချိန်ကစပြီး ဘဝမှာ ကြုံတွေ့ရသမျှကို လိုက်ပြထားတဲ့ ကာတွန်းဇာတ်ကားပါ။ ကြီးပြင်းလာရင်း အခက်အခဲတွေကို ရင်ဆိုင်ရတဲ့ လိပ်ကလေးအကြောင်းနဲ့အတူ သူငယ်ချင်းသံယောဇဉ်၊ ချစ်မေတ္တာနဲ့ ဘဝရဲ့အဓိပ္ပာယ်ကို ဘယ်လိုရှာတွေ့မလဲဆိုတာကို ပြောပြထားပါတယ်။ လူတွေရဲ့ ကျူးကျော်မှုနဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့် တိရစ္ဆာန်တွေရဲ့ နေရာတွေ ကျဉ်းလာတဲ့အကြောင်း၊ စက်ရုံတွေတည်ဆောက်တာနဲ့ အမှိုက်စွန့်ပစ်တာလို လုပ်ရပ်တွေက ကုန်းနေ၊ ရေနေသတ္တဝါတွေရဲ့ဘဝကို ထိခိုက်စေတဲ့အကြောင်းတွေလည်း ပါတယ်။ တစ်ဖက်မှာ သဘာဝပတ်ဝန်းကျင်ကို ပြန်ထိန်းသိမ်းဖို့ ကြိုးစားလာသူတွေရှိပေမယ့် တစ်ဖက်မှာတော့ ဖျက်ဆီးနေသူတွေ ရှိနေဆဲပါပဲ။ “လူသားတွေက ထူးဆန်းတယ်။ တချို့က ရှင်းလင်းသုတ်သင်နေချိန်မှာ တချို့ကတော့ အမှိုက်ဖွနေတုန်းပဲ” ဆိုတဲ့စကားနဲ့ လူနဲ့တိရစ္ဆာန် အတူနေထိုင်ရာမှာ အချင်းချင်းမှီခိုနေရပုံကို ထည့်ပြောထားပါတယ်။ ၂၀၁၀ ခုနှစ်ထွက် ဇာတ်ကားဖြစ်ပြီး ဇာတ်ဝင်တေးတွေထဲမှာ “Count on Me”၊ “Talking to the Moon”၊ “Ain’t No Sunshine”၊ “California Dreamin’” နဲ့ “Love Will Find a Way” တို့ ပါဝင်တယ်လို့ မူရင်းက ဖော်ပြထားပါတယ်။
ဇာတ်လမ်းအကြောင်း