ဇာတ်ကားများ ရွေးရန်

Longxing Northern Expedition ( 2023 )

2023ဇာတ်ကား87 မိနစ်

တောင်စုန့်ခေတ်မှာ အရင်ဘုရင်ရဲ့ ညံ့ဖျင်းမှုကြောင့် မြောက်ပိုင်းနယ်မြေတွေဟာ ကျင်းလူမျိုးတွေရဲ့ လက်အောက်ကို ရောက်သွားခဲ့ပါတယ်။ လုံရှင်းမင်းကြီးလက်ထက်မှာတော့ ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်သိမ်းဖို့ စစ်ချီလာကြတယ်။ ဒီစစ်ပွဲအကြောင်းကို ခြေမြန်တော်တစ်ယောက်ကို အဓိကထားပြီး ပြထားတာပါ။ မြောက်ပိုင်းစစ်ကြောင်းကို ရှောက်နဲ့ လီဆိုတဲ့ စစ်သူကြီးနှစ်ယောက်က ဦးဆောင်ကြပါတယ်။ တစ်ယောက်က ဖြောင့်မတ်ပြီး တာဝန်ကျေပွန်ပေမယ့် နောက်တစ်ယောက်ကတော့ ကိုယ်ရေးကိုယ်တာနဲ့ တိုင်းပြည်အရေးကို မခွဲခြားနိုင်ဘူး။ ဒီလို စစ်သူကြီးနှစ်ယောက်ရဲ့ ဦးဆောင်မှုအောက်မှာ နယ်မြေပြန်သိမ်းမယ့် စစ်ပွဲ အောင်မြင်နိုင်ပါ့မလား။ လူတစ်ယောက်ရဲ့ အတ္တအတွက် အသက်တွေ ဘယ်လောက်အထိ ပေးဆပ်ကြရဦးမလဲ။

ဇာတ်လမ်းအကြောင်း