ဇာတ်ကားများ ရွေးရန်

The Wolf Witch

2020ဇာတ်ကားအမှတ် 6.0/1075 မိနစ်

လျှို့ဝှက်အမှုစစ် ချန်အန်းဟာ လူတွေကြား ပါးစပ်ရာဇဝင်တစ်ပုဒ်လို ပျံ့နေတဲ့ ဆံဖြူရှင်မိစ္ဆာမ လျန်နီရှန်းအကြောင်း စုံစမ်းဖို့ တာဝန်နဲ့ ရောက်လာပါတယ်။ စုံစမ်းရင်း လျန်နီရှန်းတစ်ယောက်အကြောင်းထက် ပိုရှုပ်ထွေးတဲ့ကိစ္စတွေကို တွေ့လာရတယ်။ သိုင်းလောကထဲက ဂိုဏ်းတွေရဲ့ အချင်းချင်းဆက်နွယ်မှုတွေအပြင် လျန်နီရှန်းကို အယောင်ဆောင်ပြီး နောက်ကွယ်ကနေ ချောက်တွန်းနေတဲ့ တခြားဂိုဏ်းတစ်ခုရှိနေတာကိုပါ သိလာရပါတယ်။ လျန်နီရှန်းကတော့ ကိုယ်ယုံကြည်ချစ်မိတဲ့သူရဲ့ ရက်စက်တဲ့သစ္စာဖောက်မှုကို ခံခဲ့ရပြီးနောက် အချစ်ကို မယုံတော့သူပါ။ ချန်အန်းမှာလည်း နာကျင်ခဲ့ရတဲ့ အချစ်အတိတ်တစ်ခုရှိလို့ နောက်တစ်ကြိမ်ချစ်မိမှာကို ကြောက်နေတယ်။ အတိတ်ဒဏ်ရာကိုယ်စီနဲ့ ဒီနှစ်ယောက် ဆုံလာတဲ့အခါ ချစ်စိတ်အသစ် ပြန်ပေါ်လာနိုင်မလား။ မကုစားနိုင်သေးတဲ့ဒဏ်ရာတွေကြောင့် အလွမ်းနဲ့ပဲ အဆုံးသတ်မလား၊ ဒါမှမဟုတ် နောက်ထပ်နာကျင်စရာတစ်ခုနဲ့ ကြုံရဦးမလားဆိုတာ ဆက်ကြည့်ရမှာပါ။

ဇာတ်လမ်းအကြောင်း