ဇာတ်ကားများ ရွေးရန်

Once Upon a Time in Shanghai

2014ဇာတ်ကားအမှတ် 7.2/1095 မိနစ်

၁၉၃၀ ပြည့်နှစ် ရှန်ဟိုင်းမြို့ဟာ ကြီးပွားချမ်းသာချင်သူတွေ မျှော်လင့်ချက်နဲ့ ရောက်လာကြတဲ့မြို့ပါ။ လူတန်းစားအမျိုးမျိုး စုနေကြပြီး ခေတ်မီတိုးတက်နေပေမယ့် ဒုစရိုက်မှုနဲ့ ခေါင်းပုံဖြတ်မှုတွေလည်း များနေတယ်။ အောင်မြင်သွားသူတွေရှိသလို လက်လျှော့ရသူတွေ၊ အသက်ဆုံးရှုံးရသူတွေလည်း ရှိနေပါတယ်။ မာဝေကျင်းဆိုတဲ့ လူငယ်လေးလည်း ကြီးပွားချင်လို့ ရှန်ဟိုင်းကို ရောက်လာသူတစ်ယောက်ပါ။ ကြုံရာအလုပ်တွေ ဝင်လုပ်နေရင်း မြို့ရဲ့ နာမည်ကြီးဂိုဏ်းခေါင်းဆောင် လောင်ကျဲနဲ့ ဆုံမိတယ်။ ဂိုဏ်းပေါင်းစုံရဲ့ ဘုံရန်သူဖြစ်နေတဲ့ လောင်ကျဲက ကွန်ဖူးပညာထူးချွန်တဲ့ မာဝေကျင်းကို တပည့်အဖြစ် လက်ခံလိုက်ပါတယ်။ အဲဒီနောက် မာဝေကျင်းနဲ့ လောင်ကျဲတို့ဟာ ရန်သူတွေကို အတူရင်ဆိုင်ရင်း ရှန်ဟိုင်းမှာ ကိုယ်စီမျှော်လင့်ထားတဲ့ အိပ်မက်တွေ မပျက်စီးအောင် ကြိုးစားကြရတယ်။ ဂိုဏ်းတွေရဲ့ ပိုင်နက်လုပွဲတွေကြားက ကွန်ဖူးတိုက်ခိုက်ခန်းတွေကို အဓိကထားတဲ့ ၂၀၁၄ ခုနှစ်ထွက် တရုတ်အက်ရှင်ကားဖြစ်ပြီး Sammo Hung လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း