ဇာတ်ကားများ ရွေးရန်

Private Desert

2021ဇာတ်ကားအမှတ် 7.0/10121 မိနစ်

ဒေါသထိန်းချုပ်ဖို့ ခက်ခဲနေတဲ့ ရဲလေ့ကျင့်ရေးအရာရှိတစ်ယောက်ဟာ သင်တန်းသားအသစ်ကို ဆုံးမရင်း လက်လွန်ခဲ့တာကြောင့် အလုပ်ပြုတ်ပြီး တရားရင်ဆိုင်နေရပါတယ်။ သူက အဖေအိုကြီးကို ပြုစုလုပ်ကျွေးနေတဲ့ လူပျိုကြီးတစ်ယောက်ပါ။ အပြင်မှာ ချစ်သူမရှိပေမယ့် အွန်လိုင်းကနေ သိကျွမ်းထားတဲ့ ကောင်မလေးတစ်ယောက်ကိုတော့ စွဲစွဲလမ်းလမ်း ချစ်နေတယ်။ လူချင်းတစ်ခါမှ မတွေ့ဖူးကြပေမယ့် အွန်လိုင်းမှာတော့ အလွန်ရင်းနှီးနေကြပြီး သူ့ရဲ့ ကိုယ်လုံးတီးဓာတ်ပုံကိုပါ ပို့ထားဖူးပါတယ်။ ဒါပေမယ့် တစ်နေ့မှာ တစ်ဖက်လူက စာမပြန်၊ ဖုန်းမကိုင်တော့ဘဲ ရုတ်တရက် အဆက်အသွယ်ဖြတ်သွားတယ်။ အလုပ်ပြုတ်တာနဲ့ တရားရင်ဆိုင်ရတာထက် ဒီလိုအဆက်အသွယ်ပြတ်သွားတာက သူ့ကို ပိုပူပန်စေပါတယ်။ ချစ်ရသူရှိတဲ့ တောင်ပိုင်းပြည်နယ်ဆီ မိုင်နှစ်ထောင်ကျော် ကားမောင်းပြီး သူလိုက်သွားတယ်။ ဟိုရောက်တော့လည်း တစ်ဖက်က အတွေ့မခံလို့ ဓာတ်ပုံတွေကို မြို့အနှံ့လိုက်ကပ်ပြီး ရှာဖွေပါတော့တယ်။ သူမသိသေးတာက အွန်လိုင်းမှာ သူချစ်နေသူရဲ့ ခံစားချက်နဲ့ လိင်ပိုင်းဆိုင်ရာအခြေအနေဟာ သူထင်ထားသလို မဟုတ်တာပါ။ ဒီအကြောင်းကို သိလာတဲ့အခါ သူဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုဆုံးဖြတ်မလဲ၊ သူတို့နှစ်ယောက်ရဲ့အချစ်ကရော ရှေ့ဆက်နိုင်ပါ့မလားဆိုတာကို ဆက်ပြထားတဲ့ ဘရာဇီးဒရာမာကားပါ။

ဇာတ်လမ်းအကြောင်း