ဇာတ်ကားများ ရွေးရန်

RRR

2022ဇာတ်ကားအမှတ် 7.8/10187 မိနစ်4K

၁၉၂၀ ခုနှစ်၊ အိန္ဒိယနိုင်ငံကို ဗြိတိသျှအစိုးရ အုပ်ချုပ်နေတဲ့အချိန်မှာ မြို့စားမင်းစကော့နဲ့ သူ့ဇနီးကတ်သရင်းတို့ အာသီလာဘတ်တောအုပ်ကို ရောက်လာကြပါတယ်။ အဲဒီမှာ မာလီဆိုတဲ့ ကလေးမလေးရဲ့ သီချင်းဆိုသံကို သဘောကျပြီး သူ့ကို မတရားဖမ်းဆီးခေါ်ဆောင်သွားကြတယ်။ မာလီရဲ့အစ်ကို ဘင်းကတော့ ညီမလေးကို ပြန်ကယ်ဖို့ အစွမ်းကုန်ကြိုးစားနေပါတယ်။ အဲဒီလို ကြိုးစားနေတုန်း ဘင်းဟာ ရာမာလို့ခေါ်တဲ့ ရမ်နဲ့ ဆုံလာတယ်။ နှစ်ယောက်သား အလုပ်အတူလုပ်ကြရင်း အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်လာကြပေမယ့် ဘင်းမသိထားတဲ့အချက်တစ်ခု ရှိနေပါတယ်။ ရမ်ဟာ အင်္ဂလိပ်တွေအတွက် အလုပ်လုပ်ပေးနေတဲ့ ရဲအရာရှိတစ်ယောက်ပါ။ ကိုယ့်လူမျိုးကိုတောင် မညှာမတာ နှိပ်စက်သတ်ဖြတ်နိုင်သူဖြစ်သလို သူ့မှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေလည်း ရှိနေသေးတယ်။ Konidela Ram Charan Teja၊ Alia Bhatt နဲ့ မင်းသားကြီးအာဂျေးတို့ ပါဝင်ထားတဲ့ ဒီဇာတ်ကားမှာ ဗြိတိသျှအုပ်ချုပ်မှုအောက်က ရက်စက်မှုတွေနဲ့ အဖိနှိပ်ခံပြည်သူတွေရဲ့ ဘဝတွေကို တွဲဖော်ပြထားပါတယ်။ ဘင်းနဲ့ ရမ်တို့ရဲ့ ခင်မင်မှုက ဘယ်လိုဆက်ဖြစ်လာမလဲ။ Alia Bhatt သရုပ်ဆောင်ထားတဲ့ စီသာနဲ့ ရမ်ကြားမှာရော ဘယ်လိုဆက်နွယ်မှု ရှိနေသလဲ။

ဇာတ်လမ်းအကြောင်း