ဇာတ်ကားများ ရွေးရန်

Wolf

2021ဇာတ်ကားအမှတ် 5.4/10100 မိနစ်

ဂျေကော့ဆိုတဲ့ ကောင်လေးဟာ ကိုယ့်ကိုယ်ကိုယ် ဝံပုလွေလို့ ယုံကြည်နေသူပါ။ သူရောက်လာတဲ့ ကုသရေးနေရာမှာလည်း သူ့လိုပဲ ကိုယ့်ကိုယ်ကိုယ် တိရစ္ဆာန်တစ်ကောင်လို့ ယူဆနေသူတွေ ရှိကြပါတယ်။ ကြက်တူရွေးလို့ ထင်ပြီး သူများပြောသမျှ လိုက်ပြောသူ၊ ခွေးလို့ထင်ပြီး ဟောင်နေသူ၊ ရှဉ့်ဖြစ်ခွင့်ရချင်လို့ ငိုနေသူတွေရှိသလို ပန်ဒါဝက်ဝံ၊ မြင်းလို့ ယူဆနေသူတွေလည်း ရှိတယ်။ ဂျေကော့ကတော့ ညရောက်ရင် ဝံပုလွေလို ထအူတတ်ပါတယ်။ ဒီလူတွေကို အဲဒီနေရာ ပို့ထားကြတာက ကိုယ့်ကိုယ်ကိုယ် လူတစ်ယောက်အဖြစ် လက်ခံပြီး သာမန်ဘဝနဲ့ ပြန်နေနိုင်ဖို့ပါ။ ဒေါက်တာမန်းနဲ့ သူ့အဖွဲ့က အဓိက ထိန်းချုပ်ကုသပေးနေပြီး အခြေအနေတိုးတက်လာသူတွေ ရှိပေမယ့် ဂျေကော့ကတော့ ကောင်းလာပုံမရဘူး။ ထိန်းချုပ်မရတဲ့အခါ ဆရာဝန်တွေက အကြမ်းနည်းတွေ သုံးလာကြပါတယ်။ အဲဒီကြားမှာ ဂျေကော့ကို ချစ်နေတဲ့ ကြောင်မလေး စီစီလီကလည်း ဝင်ပါလာတော့ အခြေအနေက ပိုရှုပ်ထွေးလာတယ်။ ဂျေကော့အဖြစ် George Mackay က သရုပ်ဆောင်ထားပြီး စီစီလီအဖြစ်တော့ Johnny Depp ရဲ့သမီး Lily Rose Depp က ပါဝင်ထားပါတယ်။

ဇာတ်လမ်းအကြောင်း