Donnie Brasco
၁၉၇၀ ဝန်းကျင် နယူးယောက်ခ်မှာ အက်ဖ်ဘီအိုင်အေးဂျင့် Pistone ဟာ Bonanno ဒုစရိုက်မိသားစုထဲ စိမ့်ဝင်ထောက်လှမ်းဖို့ ကြိုးစားနေပါတယ်။ ဘရက်စကိုအဖြစ် သူချဉ်းကပ်ခဲ့သူက အသက်အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့ Lefty Ruggiero ပါ။ Lefty ရဲ့ယုံကြည်မှုနဲ့ ထောက်ခံမှုကို ရလာတာနဲ့အမျှ ဂိုဏ်းထဲမှာလည်း ပိုပြီး အတွင်းကျကျ နေရာယူနိုင်လာတယ်။ ဒါပေမယ့် Lefty က သူ့ကို တကယ်နှစ်နှစ်ကာကာ သံယောဇဉ်ရှိလာတဲ့အခါ အလုပ်တာဝန်တစ်ခုအဖြစ်ပဲ သဘောထားဖို့ ခက်လာပါတယ်။ ဒုစရိုက်သမားတစ်ယောက်နဲ့ ညီအစ်ကိုရင်းလို ရင်းနှီးလာတဲ့ဆက်ဆံရေး၊ ကိုယ်ထမ်းဆောင်ရမယ့်တာဝန်နဲ့ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေကြားမှာ ဘရက်စကို ဗျာများလာရတယ်။ Pistone ရဲ့ ဖြစ်ရပ်မှန်ကို အလွတ်သဘော အခြေခံထားတဲ့ ဒီကားမှာ Johnny Depp က Pistone အဖြစ်၊ Al Pacino က Lefty အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒုစရိုက်လောကထဲက ကြမ်းတမ်းတဲ့ သတ်ဖြတ်မှုတွေအပြင် ဒီလူနှစ်ယောက်ကြားက ဆက်ဆံရေးကိုလည်း အလေးပေးထားတယ်။ ထုတ်လုပ်စရိတ် ဒေါ်လာ ၃၅ သန်းရှိခဲ့ပြီး ရုံဝင်ငွေ ဒေါ်လာ ၁၂၄.၉ သန်း ရရှိခဲ့ပါတယ်။
ဇာတ်လမ်းအကြောင်း