ဇာတ်ကားများ ရွေးရန်

Rescued by Ruby

2022ဇာတ်ကားအမှတ် 7.5/1093 မိနစ်

ဒန်နီရယ်က K9 အနံ့ခံခွေးတပ်ဖွဲ့ထဲ ဝင်ချင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ။ ဝင်ခွင့်စာမေးပွဲကို ရှစ်ကြိမ်ဖြေပြီးတဲ့အထိ မအောင်သေးပေမယ့် ဝင်ချင်စိတ်ကတော့ မလျော့သေးဘူး။ ရူဘီဆိုတဲ့ ခွေးမလေးကတော့ မွေးစားတဲ့အိမ်တိုင်းမှာ စကားနားမထောင်ဘဲ လုပ်ချင်ရာလုပ်လွန်းလို့ ဂေဟာမှာပဲ သောင်တင်နေပါတယ်။ ဟော့ဒေါ့ဆိုရင် အလွန်ကြိုက်တဲ့ ရူဘီ့ကို ဆက်မွေးထားနိုင်မယ့်သူ မတွေ့သေးဘူး။ တစ်နေ့မှာ ဘယ်သူမှ မမွေးစားတဲ့ ရူဘီ့ကို ဂေဟာက အသက်အဆုံးသတ်ဖို့ လုပ်နေချိန် ဒန်နီရယ်နဲ့ အကြောင်းတိုက်ဆိုင်ပြီး ဆုံမိကြတယ်။ တပ်ဖွဲ့ထဲ ဝင်ချင်လွန်းတဲ့ ဒန်နီရယ်က သူများတွေ ထိန်းမနိုင်ခဲ့တဲ့ ရူဘီ့ကို လေ့ကျင့်ပေးနိုင်မလား၊ ရူဘီကရော ဘယ်လောက်အထိ လုပ်ပြနိုင်မလဲ။ အစကတည်းက အရာရာနားလည်တဲ့ ခွေးလိမ္မာလေးတစ်ကောင်အကြောင်းမဟုတ်ဘဲ ခက်ခက်ခဲခဲ သင်ကြားပေးရတဲ့ သူတို့နှစ်ဦးအကြောင်းကို ဖြစ်ရပ်မှန်အခြေခံ ရိုက်ကူးထားပါတယ်။

ဇာတ်လမ်းအကြောင်း