ဇာတ်ကားများ ရွေးရန်

The Reunion

2011ဇာတ်ကားအမှတ် 5.4/1096 မိနစ်

အထက်တန်းကျောင်းရဲ့ ၂၅ နှစ်ပြည့် ပြန်လည်တွေ့ဆုံပွဲအတွက် တစ်တန်းလုံးကို ဖိတ်ထားပါတယ်။ အရင်က ကျောင်းသားတွေဟာ အခု အသက်လေးဆယ်ကျော်အရွယ် ရောက်နေကြပြီး ကိုယ့်နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြပြီ။ နေးစ်ကတော့ ပွဲမှာ မိန့်ခွန်းပြောရမှာကို စိတ်ဖိစီးနေလို့ မသွားချင်ဘူး။ သူ့သူငယ်ချင်း အဆိုတော် သောမတ်စ်ကတော့ အတူသွားဖို့ စည်းရုံးနေပါတယ်။ နောက်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ အန်ဒရေးအက်စ်ကလည်း အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတယ်။ သူ့ကို နှစ်သိမ့်ပေးဖို့ရော၊ မစုံဖြစ်တာကြာတဲ့ သူငယ်ချင်းသုံးယောက် အတူတူနေရဖို့ပါ တွေ့ဆုံပွဲမတိုင်ခင် တစ်ရက်မှာ ခရီးထွက်ကြဖို့ တိုင်ပင်လိုက်ကြပါတယ်။ ဒီလိုနဲ့ သုံးယောက်သား သောက်စားမူးယစ်ပြီး တလွဲတွေ လုပ်ကြရာက အလွဲအချော်တွေ ဆက်ဖြစ်လာတဲ့ ဒိန်မတ်ဟာသဇာတ်ကားပါ။

ဇာတ်လမ်းအကြောင်း