Embrace of the Serpent
အမေဇုန်တောအုပ်ထဲမှာ ယာကရူနာလို့ခေါ်တဲ့ ရှားပါးဆေးဖက်ဝင်သစ်ပင်ကို ရှာဖို့ သိပ္ပံပညာရှင်နှစ်ယောက် ခရီးထွက်ခဲ့ကြပါတယ်။ အထွတ်အမြတ်ထားကြတဲ့ ဒီသစ်ပင်ကို ရှာဖို့ ရည်ရွယ်ချက်တူပေမယ့် သူတို့က အတူသွားခဲ့ကြတာတော့ မဟုတ်ဘူး။ တစ်ယောက်က ၁၉၀၉ ခုနှစ်၊ နောက်တစ်ယောက်က ၁၉၄၀ ခုနှစ်မှာ အသီးသီး သွားခဲ့ကြတာပါ။ ခရီးစဉ်နှစ်ခုလုံးမှာ သူတို့ တွေ့ဆုံခဲ့ရသူက ဒေသခံနတ်ဆရာ ကာရာမာကာတဲ ဖြစ်ပါတယ်။ သူဟာ ကိုယ့်လူမျိုးစုထဲက တစ်ဦးတည်းသော အသက်ရှင်ကျန်သူဖြစ်ပြီး လူမျိုးစုရဲ့ ဓလေ့၊ အစဉ်အလာနဲ့ သမိုင်းတွေကို ထိန်းသိမ်းထားသူပါ။ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေရေးခရီးတွေနဲ့အတူ အမေဇုန်လူမျိုးစုတွေရဲ့ နေထိုင်မှုနဲ့ ဓလေ့တွေကိုလည်း တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်ထွက် ဒီအဖြူအမည်းရုပ်ရှင်ကို သိပ္ပံပညာရှင်နှစ်ယောက်ရဲ့ ခရီးသွားဒိုင်ယာရီတွေ အခြေခံပြီး ဇာတ်လမ်းဖွဲ့ထားတာပါ။
ဇာတ်လမ်းအကြောင်း