Masquerade Night
နဲရိမခရိုင်က တိုက်ခန်းတစ်ခန်းမှာ အမျိုးသမီးတစ်ယောက် အသတ်ခံရပါတယ်။ သေဆုံးချိန်မှာ Lolita ဝတ်စုံ ဝတ်ထားပြီး ဓာတ်လိုက်အောင်လုပ်ကာ သတ်ခံထားရတာကြောင့် ပုံမှန်မဟုတ်တဲ့ အမှုတစ်ခု ဖြစ်နေတယ်။ တိုကျိုမြို့တော်ရဲတွေ စုံစမ်းရခက်နေတုန်း အမည်မဖော်ဘဲ သတင်းပေးနိုင်တဲ့ hotline ကနေ စာတစ်စောင် ရောက်လာပါတယ်။ အဲဒီစာမှာ အမျိုးသမီးကို သတ်ခဲ့သူဟာ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ တိုကျိုက Hotel Cortesia ကို ရောက်လာလိမ့်မယ်လို့ ရေးထားတာပါ။ ရဲတွေအနေနဲ့ လူသတ်သမားရဲ့ ရုပ်ရည်ကိုလည်း မသိ၊ တခြားသဲလွန်စလည်း မရှိတော့ ဟိုတယ်ဝန်ထမ်းတွေရဲ့ အကူအညီနဲ့ လိုက်ရှာဖို့ ဖြစ်လာပါတယ်။ ဒါပေမယ့် ပွဲတက်မယ့်သူက ငါးရာရှိတဲ့အပြင် အားလုံး မျက်နှာဖုံးတပ်ထားကြမှာဆိုတော့ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားဖို့တောင် မလွယ်ပါဘူး။ ဒီဇာတ်ကားက ၂၀၁၉ ခုနှစ်ထွက် Masquerade Hotel ရဲ့ အဆက်ဖြစ်ပေမယ့် ပထမကားကို မကြည့်ထားလည်း ကြည့်လို့ရပါတယ်။ အမှုစုံစမ်းပုံနဲ့အတူ ဟိုတယ်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ၊ ဝန်ထမ်းတွေ လိုက်နာရတဲ့စည်းမျဉ်းတွေကိုလည်း ထည့်ပြထားတယ်။ ရဲတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေဟာ ကိုယ့်လုပ်ငန်းရဲ့ စည်းကမ်းကိုယ် တင်းတင်းကျပ်ကျပ် လိုက်နာကြသူတွေဖြစ်လို့ အတူအလုပ်လုပ်ရတဲ့အခါ သူတို့ရဲ့ လုပ်ပုံကိုင်ပုံကွာခြားမှုတွေကို တွေ့ရပါတယ်။
ဇာတ်လမ်းအကြောင်း