Moonlight Shadow
ညနေခင်းတစ်ခုမှာ စဆုကိဟာ မြစ်ကမ်းဘေး လမ်းလျှောက်ထွက်ရင်း ကြောင်လေးရဲ့လည်ပင်းမှာ ဆွဲပေးထားတဲ့ ချူလုံး ပျောက်သွားလို့ ကိုင်းပင်တွေကြား လိုက်ရှာနေပါတယ်။ နောက်ဘက်က ဓာတ်မီးရောင်ကြောင့် လှည့်ကြည့်လိုက်တော့ သူရှာနေတဲ့ ချူလုံးလေးကို ကိုင်ထားတဲ့ ဟိတိုရှိနဲ့ တွေ့လိုက်ရတယ်။ ဒီတိုက်ဆိုင်မှုကနေ နှစ်ယောက်သား မြင်မြင်ချင်း ချစ်မိသွားပြီး အချစ်ရေးလည်း အဆင်ပြေနေခဲ့ပါတယ်။ ဟိတိုရှိက သူ့ညီ ဟိအိရဂိနဲ့ မိတ်ဆက်ပေးဖို့ စဆုကိကို ခေါ်သွားတဲ့နေ့မှာတော့ ထူးဆန်းတဲ့ အကြောင်းတစ်ခု ကြားခဲ့ရတယ်။ အတူထမင်းစားနေကြရင်း ဟိအိရဂိရဲ့ချစ်သူ ယုမိကိုက “လရိပ်ဖြစ်စဉ်” အကြောင်း ပြောပြခဲ့တာပါ။ အခြေအနေအားလုံး တိုက်ဆိုင်တဲ့အခါ လပြည့်ပြီးနောက်နေ့မနက်မှာ သေဆုံးသွားသူတွေနဲ့ ပြန်ဆုံနိုင်တယ်ဆိုတဲ့ ရှားပါးဖြစ်စဉ်တစ်ခုလို့ ဆိုကြတယ်။ ဒါပေမယ့် အတွေ့ချင်ဆုံးချစ်သူက ကိုယ့်ဘေးမှာ ရှိနေတဲ့အချိန်မို့ အဲဒီလို ပြန်ဆုံဖို့ မလိုဘူးဆိုတဲ့ စကားနဲ့ပဲ ပြီးသွားခဲ့ပါတယ်။ တစ်နေ့မှာ စဆုကိနဲ့ ဟိတိုရှိတို့ အခန်းငှားဖို့ သွားကြည့်ပြီး တံတားတစ်ခုပေါ်မှာ နှုတ်ဆက်ကာ ကိုယ့်အိမ်ကိုယ် ပြန်ခဲ့ကြတယ်။ အဲဒီည သန်းခေါင်မှာ ဝင်လာတဲ့ဖုန်းကတော့ ဟိတိုရှိနဲ့ ယုမိကိုတို့ ကားမတော်တဆမှုကြောင့် ဆုံးသွားပြီဆိုတဲ့ သတင်းပါပဲ။ အရာရာ အဆင်ပြေနေရာက ရုတ်တရက် ခွဲခွာလိုက်ရတာကို စဆုကိ လက်မခံနိုင်ခဲ့ဘူး။ တံတားပေါ်မှာတုန်းက သူ့ကို တားထားခဲ့ရင်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ ညတိုင်း အိပ်မက်ဆိုးတွေ မက်လာတယ်။ ချစ်သူကို မစွန့်လွှတ်နိုင်သေးတဲ့ စဆုကိဟာ လရိပ်ဖြစ်စဉ်ကို ပြန်သတိရလာပြီး တကယ်ပဲ ပြန်တွေ့နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ စုံစမ်းပါတော့တယ်။ Nana Komatsu နဲ့ Hio Miyazawa တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန်တနဘတပွဲတော်ကို အနည်းငယ် မှီငြမ်းရေးသားထားတဲ့ Banana Yoshimoto ရဲ့ ဝတ္ထုတိုကို ရုပ်ရှင်အဖြစ် ပြန်ဖန်တီးထားတာပါ။ အတိတ်ကို မလွှတ်နိုင်တဲ့စိတ်၊ လက်ရှိအခြေအနေကို လက်ခံပြီး ရှေ့ဆက်ဖို့ ခက်ခဲနေတဲ့စိတ်တွေကို ပုံဖော်ထားပါတယ်။
ဇာတ်လမ်းအကြောင်း