Light for the Youth
အီဂျွန်းဟာ ငွေစုငွေချေးလုပ်ငန်းတစ်ခုရဲ့ ဖုန်းလက်ခံဖြေကြားဌာနမှာ အလုပ်လုပ်နေတဲ့ အသက် ၁၉ နှစ်အရွယ် အလုပ်သင်ကျောင်းသားတစ်ယောက်ပါ။ အလုပ်သင်ဘဝမှာ ကြုံနေရတဲ့ အခက်အခဲတွေကို နားလည်ပေးတဲ့သူ တစ်ယောက်ပဲရှိတယ်လို့ သူထင်ထားပြီး အဲဒီလူက ကြီးကြပ်ရေးမှူး အီဆယ်ယွန်း ဖြစ်ပါတယ်။ ဒါပေမယ့် သူမျှော်လင့်ထားသလို အီဆယ်ယွန်းက သူ့ဒုက္ခတွေကို တကယ် စာနာနားလည်ပေးနိုင်ပါ့မလား။ ဆယ်ကျော်သက်ဘဝမှာတောင် လွတ်လွတ်လပ်လပ် မပျော်ခဲ့ရသူအတွက် အသက် ၂၀ ပြည့်ဖို့က ကြောက်စရာ ဖြစ်နေမလား။ အပေါ့သွားဖို့တောင် အချိန်မရအောင် အလုပ်လုပ်ရတာ၊ အစမ်းခန့်ဘဝကနေ တရားဝင်ဝန်ထမ်းဖြစ်ဖို့ ၃၂ ကြိမ်မြောက်အထိ အင်တာဗျူးဖြေရတာတွေကို ကြုံဖူးသလားဆိုတဲ့ မေးခွန်းတွေနဲ့ မူရင်းက လူငယ်တွေရဲ့ အလုပ်အကိုင်အခက်အခဲကို စတင်ပြောထားပါတယ်။ တခြားသူတွေမှာလည်း ဒုက္ခရှိမှန်း သိပေမယ့် ကိုယ့်အခက်အခဲကို ရင်ဆိုင်ရတဲ့အခါ ကိုယ်ချင်းစာစိတ်ထက် ကိုယ့်အရေးကို ရှေ့တန်းတင်မိတတ်တဲ့ လူ့သဘောကို ဒီဇာတ်ကားက ထည့်သွင်းဖော်ပြထားတယ်။ မပြည့်စုံတဲ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ ခံစားချက်တွေနဲ့အတူ အီဂျွန်းအတွက် အရွယ်နဲ့မမျှတဲ့ အတွေ့အကြုံတွေက သူ့အပေါ် ဘယ်လို သက်ရောက်လာမလဲဆိုတာကို ပြထားပါတယ်။ အီဂျွန်းအဖြစ် All of Us Are Dead မှာ ပါဝင်ခဲ့တဲ့ Yoon Chan Young၊ အီဆယ်ယွန်းအဖြစ် Kim Ho Jung တို့ သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း