ဇာတ်ကားများ ရွေးရန်

Man on the Edge

2022ဇာတ်ကားအမှတ် 5.6/10113 မိနစ်

အားလော့ဟာ တရားမဝင်အဖွဲ့အစည်းတစ်ခုထဲမှာ သတင်းပေးလုပ်နေသူပါ။ သူ့ရည်ရွယ်ချက်က နောက်ကွယ်က ကြိုးကိုင်နေသူတွေကို ဖော်ထုတ်ဖို့ဖြစ်ပေမယ့် အဖွဲ့ထဲမှာ နေရင်းနဲ့ အဖွဲ့သားတွေနဲ့ တဖြည်းဖြည်း ရင်းနှီးလာခဲ့တယ်။ အဲဒီနောက် အဖွဲ့ခေါင်းဆောင်အဖြစ် လျာထားခံရသူတွေထဲ သူပါဝင်လာတဲ့အခါ ရွေးချယ်ရခက်တဲ့ အခြေအနေကို ရောက်လာပါတယ်။ ကိုယ်ဖော်ထုတ်ချင်နေတဲ့ နောက်ကွယ်ကလူတွေနဲ့ အခုတော့ ကိုယ်တိုင် ပူးပေါင်းလုပ်ကိုင်ရတော့မယ့် အနေအထားပါ။ သာမန်ပြည်သူတစ်ယောက်အနေနဲ့ ပြည်သူ့အတွက် လုပ်တာပါလို့ ပြောရင်း စွန့်စားလာတဲ့ အားလော့ဟာ ဒီအဖွဲ့အစည်းကို ဘယ်လို ကိုင်တွယ်မလဲ။ ဟောင်ကောင်အစိုးရအဖွဲ့ရဲ့ နောက်ကွယ်က အကြောင်းတွေကိုပါ ထည့်သွင်းထားတဲ့ မှုခင်းအက်ရှင်ဇာတ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းအကြောင်း