ဇာတ်ကားများ ရွေးရန်

Hold Em King Airline(2022)

2022ဇာတ်ကားအမှတ် 7.0/1080 မိနစ်

စားသောက်ဆိုင်မှာ ဟင်းပို့တဲ့အလုပ် လုပ်နေတဲ့ ဂင်ထာဂူဟာ ဆေးစစ်ရင်း ကင်ဆာဖြစ်နေမှန်း သိလိုက်ရပါတယ်။ နေဖို့ တစ်နှစ်လောက်ပဲ ကျန်တော့တယ်ဆိုတဲ့ သတင်းကြောင့် သူ့ကို မှီခိုနေတဲ့ အမေနဲ့ ညီမလေးအတွက် ပူပန်လာတယ်။ တစ်နေ့ လောင်းကစားရုံကို ဟင်းသွားပို့ရာက လောင်းကစားလုပ်ကြည့်ချင်စိတ် ဝင်လာပါတယ်။ ထာဂူက လောင်းကစားရုံပိုင်ရှင် ယောင်းဆောကို Holdem ကစားနည်း သင်ပေးဖို့ တောင်းဆိုလိုက်တယ်။ ယောင်းဆောက ကစားဖို့ ငွေသိန်းနှစ်ရာ ယူလာနိုင်ရင် စဉ်းစားပေးမယ်လို့ ပြောပါတယ်။ ဒီလိုနဲ့ ထာဂူဟာ ငွေသိန်းနှစ်ရာ ကိုင်ပြီး လောင်းကစားရုံဆီ ရောက်လာတယ်။ ကျန်တဲ့အချိန်အတွင်း မိသားစုအတွက် တစ်ခုခု ချန်ထားချင်တဲ့သူရဲ့ ဒီရွေးချယ်မှုက ငွေပိုရစေမလား၊ ရှိတာပါ ဆုံးရှုံးသွားစေမလားဆိုတဲ့ ဇာတ်လမ်းပါ။

ဇာတ်လမ်းအကြောင်း