The Mad Women's Ball
ယူဂျင်းကလဲရ်ဟာ ဝိဉာဉ်တွေကို မြင်ရတဲ့အတွက် စိတ်မနှံ့သူလို့ သတ်မှတ်ခံရပြီး စိတ္တဇဆေးရုံကို အပို့ခံလိုက်ရပါတယ်။ အဲဒီဆေးရုံထဲမှာလည်း သူ့လိုပဲ စိတ်မနှံ့သူလို့ သတ်မှတ်ခံထားရတဲ့ အမျိုးသမီးတွေ ရှိနေကြတယ်။ သူတို့ဟာ လူကြီးလူကောင်းလို့ ခေါ်ကြသူတချို့ရဲ့ စမ်းသပ်ခံတွေ၊ စိတ်ဖြေရာအရုပ်တွေလို ဆက်ဆံခံနေရပြီး သူများပြုသမျှ ခံနေကြရပါတယ်။ ဇာတ်လမ်းက ဒီအမျိုးသမီးတွေရဲ့ဘဝကို ပြရင်း လူတစ်ယောက် စိတ်မနှံ့ဘူးဆိုတာ ဘယ်လိုစံနှုန်းနဲ့ ဆုံးဖြတ်ကြသလဲဆိုတဲ့ မေးခွန်းကို ထုတ်ထားတယ်။ ဘုရားသခင်ကို မြင်ရ၊ စကားပြောရတယ်လို့ ဆိုသူနဲ့ ဝိဉာဉ်တွေကို မြင်ရ၊ စကားပြောရတယ်လို့ ဆိုသူကို ဘာကြောင့် မတူတဲ့မျက်လုံးနဲ့ ကြည့်ကြတာလဲ။ စိတ်မနှံ့သူလို့ သတ်မှတ်လိုက်တာနဲ့ လူတစ်ယောက်ကို လူလိုမဆက်ဆံတော့ဘဲ ကိုယ်ကြိုက်သလို စမ်းသပ်အသုံးချခွင့် ရသွားသလား။
ဇာတ်လမ်းအကြောင်း