The Novelist's Film
နာမည်ကြီးစာရေးဆရာမတစ်ယောက်ဟာ စာရေးမရဖြစ်နေတာ အတော်ကြာနေပါပြီ။ အရင်က ဘာမှမဟုတ်တဲ့ အကြောင်းအရာလေးတွေကိုတောင် စာဖတ်သူတစ်ခုခု ခံစားရအောင် ရေးနိုင်ခဲ့ပြီး အဲဒီစွမ်းရည်ကို သူ့ပါရမီလို့ ယူဆခဲ့တယ်။ ဒါပေမဲ့ ကြာလာတော့ ကိုယ့်အရေးအသားကိုယ် ဟန်များပြီး မရိုးသားသလို ခံစားလာရပါတယ်။ စာဆက်ရေးဖို့ ကြိုးစားပေမယ့် ရေးပြီးတိုင်း မကြိုက်လို့ ဖြဲပစ်နဲ့ သံသရာလည်နေတော့တာပါ။ စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း သူသိပ်သဘောကျတဲ့ မင်းသမီးတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ ဂင်မင်ဟီး သရုပ်ဆောင်ထားတဲ့ ဒီမင်းသမီးကလည်း ရုပ်ရှင်မရိုက်တာ ကြာနေသူပါ။ စာရေးဆရာမက စာရေးမရဖြစ်နေတဲ့အကြောင်း၊ ရုပ်ရှင်တစ်ကား ရိုက်ကြည့်ချင်တဲ့အကြောင်း ပြောပြရာက သူတို့နှစ်ယောက် အတူရိုက်ကူးဖို့ ဖြစ်လာကြပါတယ်။ သူရိုက်ချင်တဲ့ ရုပ်ရှင်မှာ ဇာတ်ညွှန်းတော့ ရှိတယ်။ ဒါပေမဲ့ ရိုက်နေရင်း သဘာဝအတိုင်း ပေါ်ပေါက်လာတဲ့အရာတွေကို ဇာတ်ညွှန်းနဲ့မကိုက်လို့ဆိုပြီး ဖယ်ပစ်မှာ မဟုတ်ပါဘူး။ ဥပမာ ပန်းတစ်ပွင့် ပွင့်လာတာကို ရိုက်မယ်လို့ စီစဉ်ထားပေမယ့် ရိုက်နေတုန်း ပွင့်ဖတ်တစ်လွှာ ကြွေကျသွားရင် အဲဒီအဖြစ်ကိုပါ လက်ခံထားမယ့် သဘောမျိုးပါ။ စာရေးတဲ့အခါ ဇာတ်ကောင်တွေ သူ့အလိုလို အသက်ဝင်လာတာနဲ့ ဆင်ပေမယ့် ရုပ်ရှင်ရိုက်ရာမှာ ပိုလွတ်လပ်နိုင်မယ်လို့ သူမြင်ထားတယ်။ စာရေးရာမှာ ပျောက်ဆုံးနေတဲ့ လွတ်လပ်မှုကို ရုပ်ရှင်ရိုက်ရင်း ပြန်ရှာကြည့်ဖို့ပါ။ ဟုံဆန်ဆူး ရိုက်ကူးထားပြီး In Front of Your Face နဲ့ Introduction တို့မှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေကို ဒီကားမှာလည်း ပြန်သုံးထားပါတယ်။ မင်းသမီးနဲ့ တွေ့ဆုံစကားပြောတဲ့အခန်းမှာတော့ ဂင်မင်ဟီးရဲ့ အပြင်ဘဝနဲ့ ဆင်တူတဲ့ စကားတွေကိုပါ ထည့်သွင်းထားပါတယ်။
ဇာတ်လမ်းအကြောင်း