Wet Sand
ဂျော်ဂျီယာက ဘလက်ဆီးအနီး ရွာလေးတစ်ရွာမှာ အန်နွန်ဆိုတဲ့ အဘိုးကြီးက Wet Sand လို့ခေါ်တဲ့ ကဖေးလေး ဖွင့်ထားပါတယ်။ အေးအေးဆေးဆေး နေလာခဲ့ပေမယ့် သူ့ဆိုင်မှာ လာသောက်နေကျ လူတစ်ယောက် ဆုံးသွားတဲ့အခါ ပြဿနာတွေ စလာတော့တယ်။ ကွယ်လွန်သူက ဘာသာမဲ့ဖြစ်တာကြောင့် ရွာကလူတွေက အကောင်းမမြင်ကြသလို သင်္ဂြိုဟ်ပေးချင်တဲ့သူလည်း မရှိဘူး။ အလောင်းကို ဒီအတိုင်း ပုပ်သွားအောင်တောင် ထားပစ်ချင်ကြပါတယ်။ ဒီလိုလူတွေကြားမှာ ကွယ်လွန်သူရဲ့အလောင်းနဲ့ ပတ်သက်ပြီး အန်နွန် ဘယ်လိုဆက်ကြုံရမလဲဆိုတဲ့နေရာက ဇာတ်လမ်းကို ဆက်ထားတယ်။ လိင်တူချစ်ခြင်းအပေါ် ရှုံ့ချမှုတွေရှိတဲ့ လူမှုပတ်ဝန်းကျင်ကို နောက်ခံထားပြီး LGBT အကြောင်းအရာကို အဓိကထား တင်ဆက်ထားတဲ့ ဒရာမာပါ။ ဂျော်ဂျီယာဒါရိုက်တာတစ်ဦး ရိုက်ကူးထားပြီး MUBI မှာ တင်ဆက်ထားသလို ရုပ်ရှင်ပွဲတော်များစွာမှာလည်း ပြသထားပါတယ်။
ဇာတ်လမ်းအကြောင်း