Kiseki: Sobito of That Day
ဂျင်နဲ့ ဟိဒဲတို့ညီအစ်ကိုရဲ့အဖေက သားနှစ်ယောက်ကို သူ့လိုပဲ ဆရာဝန်ဖြစ်စေချင်ပါတယ်။ သားတွေရဲ့နောင်ရေးကို စိတ်အေးချင်လို့ ဒီလမ်းကို လျှောက်စေချင်ပေမယ့် အစ်ကိုကြီးဂျင်ကတော့ ဂီတကိုပဲ ရွေးထားတယ်။ သူငယ်ချင်းတွေနဲ့ အပျော်တမ်းတီးဝိုင်းတစ်ခု ထောင်ပြီး ကိုယ်ဝါသနာပါတာကို လုပ်နေတာကြောင့် အဖေ့ဆန္ဒနဲ့ တည့်တည့်ဆန့်ကျင်နေသူပါ။ ညီငယ်ဟိဒဲကတော့ အဖေ့အလိုအတိုင်း ဆရာဝန်ဖြစ်ဖို့ ကြိုးစားပေမယ့် လိုအပ်ချက်တချို့ကြောင့် သွားဆေးကျောင်းကို တက်ခဲ့ရတယ်။ ဒါပေမယ့် ဂီတကိုလည်း မစွန့်နိုင်တော့ အဖေမသိအောင် ကျောင်းက ဝါသနာတူသူငယ်ချင်းတွေနဲ့ Green Boys ဆိုတဲ့ ကျောင်းတွင်းတီးဝိုင်းလေး ဖွဲ့ထားပါတယ်။ ညီဖြစ်သူရဲ့ ဝါသနာနဲ့ပါရမီကို ဂျင်သိသွားတဲ့အခါ ဒီတီးဝိုင်းကို ပရော်ဖက်ရှင်နယ်အဖွဲ့တစ်ခု ဖြစ်လာအောင် ကိုယ်တိုင်ကြီးကြပ်ပေးဖို့ ဝင်ပါလာတယ်။ သီချင်းဆိုနေရုံနဲ့ စားဝတ်နေရေး မပြေလည်နိုင်ဘူးလို့ ယူဆတဲ့အဖေနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင်ရွေးချယ်ချင်တဲ့ ညီအစ်ကိုကြားမှာ သဘောထားတွေ ကွဲလာကြပါတယ်။ အရွယ်ရောက်လာတဲ့အခါ မိဘခင်းပေးတဲ့လမ်းအတိုင်း ဆက်လျှောက်မလား၊ ကိုယ့်ဝါသနာအတွက် ကိုယ်တိုင်လမ်းဖောက်မလားဆိုတဲ့ ရွေးချယ်မှုကို သူတို့နှစ်ယောက် ရင်ဆိုင်ကြရတာပါ။ ဒီဇာတ်ကားဟာ ဂျပန်ဂီတအဖွဲ့ GReeeeN စတင်ပေါ်ပေါက်လာပုံကို အခြေခံထားတဲ့ ဖြစ်ရပ်မှန်ဂီတဒရာမာပါ။ ဟစ်ဟော့နဲ့ ပေါ့ပ်ရော့ခ်ဂီတတွေ ဖန်တီးတဲ့ ဒီအဖွဲ့မှာ အဖွဲ့ဝင်လေးယောက်ရှိပြီး သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းက သွားဆရာဝန်အလုပ် ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ပွဲဦးထွက်ကတည်းက ကိုယ်ဘယ်သူဆိုတာကို ဖုံးကွယ်ထားကြတဲ့အဖွဲ့ဖြစ်ပြီး ပါးစပ်ပုံစံလိုဂိုမှာပါတဲ့ E လေးလုံးကလည်း အဖွဲ့ဝင်လေးယောက်ကို ကိုယ်စားပြုထားတယ်။ Kiseki သီချင်းပိုင်ရှင် ဒီအဖွဲ့ရဲ့အကြောင်းကို သူတို့ရဲ့သီချင်းတွေနဲ့အတူ တင်ဆက်ထားပါတယ်။
ဇာတ်လမ်းအကြောင်း