Mondocane
Dogworld လို့လည်း လူသိများတဲ့ ဒီအီတလီအက်ရှင်ဇာတ်ကားထဲမှာ အိမ်ခြေရာမဲ့ သူငယ်ချင်းနှစ်ယောက်ဟာ ပင်လယ်ထဲ ငါးမျှားလိုက်၊ ရေကူးလိုက်နဲ့ နေ့ရက်တွေကို ဖြတ်သန်းနေကြပါတယ်။ ဘုရားသခင်ဆိုတာကိုတောင် မသိကြတဲ့ သူတို့ရဲ့အိပ်မက်က Ants ဆိုတဲ့ဂိုဏ်းထဲဝင်ပြီး လူမိုက်လုပ်ဖို့ပါ။ တစ်နေ့မှာ အခွင့်အရေးရလာတော့ စတိုးဆိုင်တစ်ဆိုင်ကို မီးရှို့ပေးပြီး ဂိုဏ်းထဲဝင်ခွင့် ရသွားကြတယ်။ နယ်မြေခံရဲတွေက Ants အဖွဲ့ကို လိုက်ဖမ်းနေတာ တစ်နှစ်ရှိပြီဖြစ်ပေမယ့် ဂိုဏ်းရဲ့တည်နေရာကို မသိရသေးပါဘူး။ ဂိုဏ်းထဲရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက်ကလည်း အချင်းချင်း သိပ်ချစ်ကြပေမယ့် စရိုက်ချင်း မတူကြဘူး။ တစ်ယောက်က လက်ရဲဇက်ရဲရှိပြီး ဂိုဏ်းနဲ့အံဝင်သလို ကျန်တစ်ယောက်ကတော့ လူသတ်တဲ့အထိ မလုပ်ရဲပါဘူး။ ဒီကွာခြားမှုကြောင့် သူတို့ကြား ဘယ်လိုပဋိပက္ခတွေ ဖြစ်လာမလဲ၊ အချင်းချင်း ပြေလည်အောင် ဘယ်လိုဖြေရှင်းကြမလဲ။ ရဲတွေကရော Ants အဖွဲ့ကို ဖမ်းမိနိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း