Flightplan
ခင်ပွန်းဆုံးပါးသွားတဲ့ ပရတ်ဟာ ဈာပနအတွက် အမေရိကန်နိုင်ငံ လောင်းအိုက်လန်ကို ပြန်ဖို့ သမီးလေးနဲ့အတူ ဘာလင်ကနေ လေယာဉ်စီးလာပါတယ်။ သူက လေကြောင်းအင်ဂျင်နီယာတစ်ယောက်ဖြစ်လို့ ကိုယ်စီးနေတဲ့လေယာဉ်ရဲ့ အစိတ်အပိုင်းတွေကို အသေးစိတ်သိထားသူပါ။ လေယာဉ်ထွက်ပြီး သိပ်မကြာခင်မှာပဲ သမီးလေး ပျောက်သွားတယ်။ လေယာဉ်ပေါ်ကနေ ကလေးတစ်ယောက် ပျောက်သွားတယ်ဆိုတဲ့စကားကို တခြားသူတွေက သိပ်မယုံကြသလို လေယာဉ်မှူးကလည်း သံသယနဲ့ပဲ ရှာပေးပါတယ်။ နောက်တော့ ပရတ်ကို စိတ်ကယောင်ကတမ်းဖြစ်နေတယ်လို့ ယူဆပြီး လေကြောင်းရဲက ထိန်းသိမ်းထားလိုက်တယ်။ ပရတ်ဟာ တကယ်ပဲ စိတ်ရောဂါခံစားနေရတာလား၊ သမီးလေးကရော သူနဲ့အတူ လေယာဉ်ပေါ် တကယ်ပါလာခဲ့ရဲ့လား။ လေယာဉ်ပေါ်မှာ ဘာဖြစ်နေလဲဆိုတာကို ဒီသံသယတွေကြားကနေ လိုက်ကြည့်ရတဲ့ စိတ်ပိုင်းဆိုင်ရာသည်းထိတ်ရင်ဖိုဇာတ်ကားပါ။
ဇာတ်လမ်းအကြောင်း