ဇာတ်ကားများ ရွေးရန်

One Day, You Will Reach the Sea

2022ဇာတ်ကားအမှတ် 7.1/10126 မိနစ်

မနကိုတနိဟာ အေးအေးဆေးဆေးနေတတ်ပြီး ရှက်တတ်တာကြောင့် လူတွေနဲ့ သိပ်ရောရောနှောနှော မနေဖြစ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ သူ့မှာ အရမ်းရင်းနှီးတဲ့သူငယ်ချင်းဆိုလို့ တက္ကသိုလ်စတက်ကတည်းက ခင်လာတဲ့ ဆုမိရဲတစ်ယောက်ပဲ ရှိတယ်။ ဆုမိရဲကတော့ မိန်းကလေးအချင်းချင်းတောင် အားကျရလောက်အောင် ချစ်စရာကောင်းပြီး လူတိုင်းနဲ့ ဝင်ဆံ့သူပါ။ ဆုမိရဲ သေဆုံးသွားတဲ့အခါ ကိုတနိဟာ ဖြေမဆည်နိုင်ဘဲ အတိတ်ထဲမှာပဲ ပိတ်မိနေခဲ့တယ်။ လက်ရှိဘဝကို အဆင်ပြေအောင် ဆက်လျှောက်နေပေမယ့် သူငယ်ချင်းအကြောင်းကို မကြာခဏ ပြန်သတိရနေမိပါတယ်။ ဆုမိရဲရဲ့ ထူးခြားတဲ့ပုံစံတွေ၊ နှစ်ယောက်ကြားက သံယောဇဉ်နဲ့ အတူပျော်ခဲ့ဖူးတဲ့ အဖြစ်အပျက်တွေကို ပြန်တွေးရင်း သူငယ်ချင်းကို လွမ်းဆွတ်နေရတယ်။

ဇာတ်လမ်းအကြောင်း